ဂျပန်နိုင်ငံက မြန်မာနိုင်ငံအား အမေရိကန်ဒေါ်လာ ၈၁၂.၃၅ သန်း ချေးမည်

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအား အမေရိကန်ဒေါ်လာ ၈၁၂.၃၅ သန်း ချေးမည်
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၂၀၁၃ ခု၊ မေလ တွင် နေပြည်တော် သမ္မတအိမ်တော်၌ အလေးပြုခံနေစဉ် AP

ဇူလိုင် ၄ ရက်။        ။ မြန်မာနိုင်ငံအတွက် အခြေခံအဆောက်အဦများတည်ဆောက်ရန် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၈၁၂.၃၅ သန်းခန့်နှင့်ညီမျှသည့် ဂျပန်ယန်းငွေ ၉၉.၈၅ ဘီယီယံအား အတိုးနှုန်းသက်သာစွာဖြင့် ချေးပေးမည်ဟု ဇူလိုင် ၄ ရက်တွင် ကတိပြုပြောကြားလိုက်သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာသမ္မတဦးသိန်းစိန်နှင့် ပြုလုပ်သည့် တိုကျိုမြို့ အစည်းအဝေး၌ ပြောခြင်းဖြစ်သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရကြောင်း Nikkei သတင်းဌာနက ဖော်ပြသည်။

ယင်းချေးငွေများထဲမှ ဒေါ်လာ ၃၃၄.၅၀ သန်း (ယန်း ၄၁.၁၂ ဘီလီယံ)  အား လျှပ်စစ်စွမ်းအင် ချိတ်ဆက်မှုကဏ္ဍ၊ ဒေါ်လာ ၂၇၅.၅၅ သန်း (ယန်း ၃၃.၈၇ ဘီလီယံ) အား မြန်မာ-ထိုင်း-လာအို-ဗီယက်နမ်တို့နှင့် ချိတ်ဆက်ထားသည့် ကုန်းလမ်းကြောင်း မှ မြန်မာလမ်းပိုင်း တိုးတက်ရေးအတွက် အသုံးပြုသွားမည်ဟု သိရသည်။

ကျန်ရှိသည့် ဒေါ်လာ ၂၀၂.၃၀ သန်း (ယန်း ၂၄.၈၇ ဘီလီယံ) ကို ရန်ကုန်မြို့ မြို့ပတ်ရထားလုပ်ငန်း မွမ်းမံရာ၌ အသုံးပြုသွား မည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံသည့် ဂျပန်ကုမ္ပဏီ အရေအတွက်မှာ ၂၀၁၂ ခု ဇွန်လတွင် ၅၆ ခုရှိရာမှ ၂၀၁၄ ခု ဇွန်လတွင် ၁၆၈ ခုထိ မြင့်တက်လာသည်ဟု ဂျပန်ဝန်ကြီးချုပ်က ယင်းအစည်းအဝေး၌ ထုတ်ဖော်ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly