မြန်မာအား ဒဏ်ခတ်ပိတ်ဆို့မှု ဆက်ထားရန် အမေရိကန်စီစဉ်နေဟုဆို

မြန်မာအား ဒဏ်ခတ်ပိတ်ဆို့မှု ဆက်ထားရန် အမေရိကန်စီစဉ်နေဟုဆို

လာမည့်သီတင်းပတ်တွင် သက်တမ်းကုန်မည့် မြန်မာနိုင်ငံအား ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆက်လက်ထားရှိသွားရန် အမေရိကန်နိုင်ငံက စီစဉ်လျက်ရှိနေသော်လည်း ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်ရေးကဏ္ဍမြှင့်တင့်ပေးနိုင်ရေးအတွက် တစ်ချို့ကို အပြောင်းအလဲလုပ်ဖို့ရှိနေကြောင်း အကြီးတန်းအမေရိကန်အရာရှိတစ်ချို့နှင့် လွှတ်တော်ရေးရာတာဝန်ရှိသူများက ပြောသည်။

နိုင်ငံတကာအရေးပေါ်စီးပွားရေးအရေးယူမှု IEEPA ဆက်လက်ထားရှိရေးကို မေ ၂၂ ရက်က နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီ၏ မြန်မာနိုင်ငံခရီးစဉ် မလာရောက်မီ မေ ၁၇ ရက် အစောဆုံးအဖြစ် ကြေညာထုတ်ပြန်ဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများအချို့အပါအဝင် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် လုပ်ငန်းပေါင်း ၁၀၀ ကျော်ထက်မနည်းအတွက် ဖြေလျှော့မှုတစ်ချို့ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပေးခဲ့သည်။

၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အသွင်ပြောင်းမှုများ ဖော်ဆောင်လာကာ စစ်အစိုးရမှ အရပ်သားအစိုးရသို့ ကူးပြောင်းလာချိန်မှစကာ အမေရိကန်နိုင်ငံက ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဖြေလျှော့ပေးမှုများကို  စငတင်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ကုန်သွယ်ရေးတင်းကြပ်မှုဖြေလျှော့ခြင်းအနေဖြင့် မြန်မာနိုင်ငံမှ ဆိပ်ကမ်းနှင့် လေဆိပ်များကို အသုံးပြုနိုင်ခြင်းကို ခြောက်လကြာ ယာယီဖြေလျှော့မှု ချမှတ်ပေးခဲ့သည်။

လက်ရှိအချိန်တွင် အထူးကုမ္ပဏီတစ်ချို့အား အထွေထွေလိုင်စင်ချထားပေးခြင်းနှင့် ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်တစ်ချို့အားလည်း စာရင်းပယ်ဖျက်ရေးကို အမေရိကန်အနေဖြင့် လုပ်ဆောင်လာလိမ့်ဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏ ယခုလာရောက်မည့် မြန်မာနိုင်ငံခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ရွေးကောက်ပွဲအနိုင်ရပြီးနောက်ပိုင်း ပထမဆုံး လာရောက်မည့် ခရီးစဉ်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly