ရန်ကုန်ဘောလုံး အကယ်ဒမီအတွက် နည်းပြများကို ဖီဖာမှစေလွှတ်ပေးမည်

ရန်ကုန်ဘောလုံး အကယ်ဒမီအတွက် နည်းပြများကို ဖီဖာမှစေလွှတ်ပေးမည်
မန္တလေးအကယ်ဒမီမှ သင်တန်းသားများလေ့ကျင့်နေစဉ်။

ဇူလိုင် ၄၊ ရန်ကုန်။       ။ မြန်မာနိုင်ငံ၊ရန်ကုန်မြို့တွင်ဖွင့်လှစ်မည့် ရန်ကုန်ဘောလုံးအကယ်ဒမီအတွက်လိုအပ်သော နည်းစနစ် ဒါရိုက်တာ နှင့် နည်းပြအဖွဲ့ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) မှစေလွှတ်ပေးမည်ဖြစ်သည်။

ရန်ကုန်ဘောလုံးအကယ်ဒမီကို ဖီဖာ၏ဂိုးလ်ပရောဂျက်အစီအစဉ်ဖြင့် တည်ဆောက်မည်ဖြစ်ပြီး ထောက်ပံ့ငွေ ဒေါ်လာငါးသိန်း ရရှိ ထားသည်။

“အကယ်ဒမီအတွက်လိုအပ်တဲ့ နည်းစနစ်ဒါရိုက်တာ နဲ့နည်းပြအဖွဲ့ကို ဖီဖာကစေလွှတ်ပေးမယ်လို့ပြောထားပါတယ်။ လခကိုတော့ ကျွန်တော်တို့ကရှင်းပေးရမှာပါ။ လူငယ်တွေအတွက် နည်းစနစ်ကျကျသင်ကြားနိုင်မယ့်နည်းပြမျိုးတွေလိုအပ်တာကြောင့် ဖီဖာကို အကူအညီတောင်းထားတာပါ။” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒု-ဥက္ကဋ္ဌ ဦးတင်အောင်ကပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ မန္တလေးမြို့နှင့်ပုသိမ်မြို့များတွင်ဘောလုံးအကယ်ဒမီနှစ်ခုရှိပြီး ရန်ကုန်အကယ်ဒမီ တည်ဆောက် ပြီးစီးပါက တတိယမြောက်အကယ်ဒမီဖြစ်လာမည်ဖြစ်သည်။

ရန်ကုန်အကယ်ဒမီတည်ဆောက်မှုလုပ်ငန်းကို စက်တင်ဘာလအတွင်းစတင်ရန် စီစဉ်ထားပြီး ရှစ်လအတွင်း အပြီးတည်ဆောက် မည်ဖြစ်ကာ ကုန်ကျစရိတ် ဒေါ်လာ ၂.၅သန်းသုံးစွဲရန်လျာထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly