Suu 71 ဓာတ်ပုံပြပွဲမှု ရလာသည့် အကျိုးအမြတ်အားလုံးကို ရေရှားပါးသည့် ဒေသများ၌ စက်ရေတွင်းလှူမည်

Suu 71 ဓာတ်ပုံပြပွဲမှု ရလာသည့် အကျိုးအမြတ်အားလုံးကို ရေရှားပါးသည့် ဒေသများ၌ စက်ရေတွင်းလှူမည်

ရန်ကုန်၊ မေ ၁၃ ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ၁၉ရက်တွင် ကျရောက်မည့် ၇၁ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုကာ Suu’s Solo Photo Showကို မေလ ၁၃ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ရရှိလာသော အမြတ်အားလုံးကို ရေရှားပါးသည့် ဒေသများအတွက် စက်ရေတွင်းလှူဒါန်းမည်ဟု သတင်းရရှိပါသည်။
 
“ပွဲကနေရလာတဲ့ အကျိုးအမြတ်များကို ရေရှားပါးသော ဒေသများသို့ စက်ရေတွင်းလှူဒါန်းသွားမယ်လို့ စဉ်းစားထားပါတယ်”  ဟု Suu’s Solo Photo Show ၏ ဓါတ်ပုံဆရာ ကိုစောဖိုးခွားက ပြောသည်။
 
အဆိုပါပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလမှ ယခုနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်အထိ မှတ်တမ်းဓါတ်ပုံများ (၇၁)ပုံပါရှိပြီး ဓါတ်ပုံသတင်းထောက် စောဖိုးခွား၏ တစ်ကိုယ်တော် လက်ရာများဖြစ်ကြောင်း သိရသည်။ ဓါတ်ပုံများ၏ ဈေးနှုန်းများမှာ ၅ သောင်း၊ ၇ သောင်း၊ ၁ သိန်း သတ်မှတ်ထားပြီး နှင့် ဓာတ်ပုံအားလုံးကို တစ်ပုံတည်းအဖြစ် တစ်စုတစ်စည်းတည်း လုပ်ထားသည့် ပုံကိုမူ ကျပ် ၁၀သိန်းဖြင့် ရောင်းချမည်ဖြစ်သည်။ 
 
အဆိုပါ ဓါတ်ပုံပြပွဲကို ရန်ကုန်မြို့၊ နဝဒေးလမ်း Think Art Gallery တွင် မေလ ၁၃ရက်မှ ၁၅ရက် သုံးရက်တာ နံနက် ၉နာရီမှ ညနေ ၆နာရီအထိ ပြုလုပ်မည်ဖြစ်ပြီး ပြပွဲသို့ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်သည်။ အဆိုပါ ဓာတ်ပုံပြပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကိုယ်တိုင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags