အဆင့်မြင့် စတော်ဘယ်ရီသီး စိုက်ပျိုးရေး အပိုင်း(၂)

13 May 2016
အဆင့်မြင့် စတော်ဘယ်ရီသီး စိုက်ပျိုးရေး အပိုင်း(၂)

စိုက်ပျိုးစဉ်မှာ ပလပ်စတစ်မသုံးတဲ့ စတော်ဘယ်ရီစိုက် တောင်သူတွေအတွက်တော့ အသီးစပြီးတော့သီးတဲ့အချိန်မှာ ကောက်ရိုး၊ မြက်ခြောက် စတာတွေကို အောက်မှာ ခံပေးလို့ရပါတယ်။ ဒါမှ မြေကြီးနဲ့ထိတွေ့မှုနည်းပြီး အသီးပုတ်တာကို ကာကွယ်နိုင်မှာပါ။

ဒါပေမယ့်လည်း လုပ်သားအင်အားလိုအပ်ချက်က တောင်သူတွေအတွက် ထည့်သွင်းစဉ်းစားရမယ့် အချက်တချက် ဖြစ်နေပါတယ်။ ဒီအခက်အခဲနဲ့ပတ်သက်ပြီး ဂွေးတောက်ရွာ စတော်ဘယ်ရီသီးစိုက်ပျိုးရေးခြံတာဝန်ခံ ကိုအထွန်းက အခုလို ရှင်းပြပါတယ်။

“ ကျနော့်အထင်မှာတော့ ဟုတ်ပါတယ်။ ပထမအသုတ်မှာ ဟုတ်ပါတယ် များတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ခုလို ကျနော်တို့လည်း လက်တွေ့လုပ်နေတာ အောင်မြင်နေတဲ့အတွက် ဒါ ပထမစိုက်ပြီးရင် ရင်းပြီးရင် အခုနက အားသာချက်တွေကြောင့် နောက်ပိုင်းတောက်လျှောက်အကျိုးရှိမှာပဲလေ၊  ”

နှစ်တစ်နှစ်ရဲ့ စတော်ဘယ်ရီ ရာသီကုန်ဖြစ်တဲ့ ဧပြီလနဲ့ မေလဆန်းလောက်မှာ သားထွက်တွေကို မွေးယူရပါတယ်။ ဇွန်လဆန်းလောက်မှာကြတော့ မွေးထားတဲ့ သားထွက်တွေကို ပျိုးပန်းကိုရောက်ပါတယ်။ ပျိုးပန်းကမှ တစ်လခွဲ နှစ်လလောက်ပြုစုထားတဲ့ ပျိုးပင်တွေကိုတော့ ဇူလိုင်လလယ်နဲ့ သြဂုတ်လလယ်လောက်မှာ စပြီးတော့ စိုက်ပျိုးပါတော့တယ်။ နိုဝင်ဘာလလယ်ကို ရောက်လာပြီဆိုရင်တော့ စိုက်ထားတဲ့စတော်ဘယ်ရီပင်တွေ ပန်းစပြီးတော့ ပွင့်ပါတယ်။ ဒါ့ကြောင့် ဒီဇင်ဘာလလောက်ကနေ အသီးစပြီးခူးလိုက်တာဟာ နှစ်စဉ် ဧပြီလလောက်မှာ အသီးခူးချိန် ကုန်ပါတယ်။ အုံ့မှိုင်းမှိုင်း မနက်ခင်းချိန်မှာတော့ စတော်ဘယ်ရီးသီးတွေခူးဖို့ ပြင်နေပါပြီ။

ဈေးကွက်မှာ အရောင်လှတဲ့ အထားခံတဲ့ စတော်ဘယ်ရီသီးတွေဖြစ်ဖို့ ဘယ်လိုရွေးချယ် ခူးချွေရသလဲဆိုတာကို ခြံတာဝန်ခံ ကိုအထွန်းကပဲ ဆက်ပြီးရှင်းပြပါတယ်။

“မနက်တိုင်း ခြောက်နာရီလောက်မှာ စပြီးခူးတယ်။ ခူးတဲ့လုပ်ငန်းက မနက် ကိုးနာရီလောက်မှာပြီးတယ်။ အဓိက သူ့ကို နေမတက်ခင်ခူးရခြင်းအကြောင်းရင်းက နေတက်လာရင် အသီးက မှည့်လာတတ်တယ် အဲဒီတော့ ဈေးကွက်ကြရင် အသီးနာမှာစိုးလို့ မနက်ခင်းနေမတက်ခင်ခူးတယ်။ ခူးတဲ့အခါ အရောင်ပတ်လည် မှည့်လာတာကို ရွေးခူးတယ်၊ တခြမ်းစိမ်းပဲရှိသေးတာကြတော့ မနက်ဖြန်ကြမှ ခူးရတယ်။ ”

အဆင့်မြင့် စတော်ဘယ်ရီ အကြွပ်သီးက ဒေသစတော်ဘယ်ရီသီးထက် ပိုးပိုပြီး ကြိုက်ပါတယ်။ မြေသြစာတွေ ကြွေးပြီး ဂရုတစိုက် စောက်ရှောက်ဖို့ အထူးလိုအပ်ပါတယ်။ ဒါတင်မကပါဘူး။ ကျန်းမာရေးအထောက်အကူပြု သီးနှံဖြစ်လို့ ပိုးသတ်ဆေးဖြန်းတဲ့အခါ အလေးအနက်ထားရမယ့် သီးနှံဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့က စတော်ဘယ်ရီးသီးစိုက်ပျိုးသူ ဦးတင်ထွန်းကတော့ စတော်ဘယ်ရီသီး ဆေးဝါးသုံးစွဲမှုကိစ္စကို အခုလို ရှင်းပြပါတယ်။

“ ကျနော်ကတော့လေ စတော်ဘယ်ရီ အပွင့်ပွင့်တဲ့အချိန်လောက်ကတည်းက ဆေးဝါးကို လုံးဝကို မသုံးတာ။ အသီးလိုက်တဲ့အချိန်လောက်အထိအားဆေးပဲသုံးတယ်။ ဒါကြောင့်မို့ အပွင့်မလိုက်မီအချိန်အထိ ရောဂါပိုးမကျအောင်တော့ အဲဒီအချိန်မှာ ပိုပြီးဂရုစိုက်တယ်။ စိုက်တဲ့အခါကြတော့ ပိုးမကျရောက်စေနိုင်တဲ့ မှိုဆေးကို ကာကွယ်တဲ့အနေနဲ့ပဲ သုံးတယ်။ ပွင့်တဲ့အချိန် ဂရုစိုက်ပြီး ဆေးဖြန်းတယ်။ အပွင့်လိုက် အသီးသီးတဲ့အချိန်အထိ အပွင့်လိုက်တဲ့ အားဆေးပဲ ပုံမှန်နောက်ပိုင်းမှာ သုံးသွားပါတော့တယ်”

စတော်ဘယ်ရီးသီးတွေကိုတော့ ရာသီဥတု၊ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ၊ အပူချိန်တွေအရ သင့်တော်တဲ့ ပြင်ဦးလွင်နဲ့ တောင်ကြီးနယ်တဝိုက်မှာပဲ စိုက်ပျိုးလို့ရပါတယ်။ စတော်ဘယ်ရီအကြွပ်သီး အဓိကတင်ပို့ရောင်းချနေတဲ့ ဈေးကွက်ကတော့ ရန်ကုန် သီရိမင်္ဂလာဈေးကွက်ပါပဲ။ ဒီလက်ကားဈေးကွက်နေပြီး တနိုင်ငံလုံး ဖြန့်ချိရောင်းချပါတယ်။ စတော်ဘယ်ရီအကြွပ်သီးဟာ ဒီဇင်ဘာလလယ်လောက်မှာပေါ်တဲ့အတွက် ဈေးကွက်မှာ ဈေးကောင်းရလေ့ရှိပါတယ်။ ဖေဖေါ်ဝါရီနဲ့ မတ်လမှာတော့ အသီးလှိုင်လှိုင်ထွက်လို့ ဈေးလည်း ကျတတ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly