လီဗာပူးလ်တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ကော်တင်ဟို ရရှိ

လီဗာပူးလ်တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ကော်တင်ဟို ရရှိ

မေ ၁၃၊ လီဗာပူးလ် ။            ။ ဘရာဇီးကွင်းလယ်ကစားသမား ဖိလစ်ပီကော်တင်ဟိုသည် လီဗာပူးလ်အသင်း၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။

ကော်တင်ဟိုသည် ပြီးခဲ့သည့် ရာသီကလည်း ထိုဆုကို ရရှိခဲ့ပြီး ၂ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခြင်း ဖြစ်သည်။ ထို့အပြင် ကော်တင်ဟိုသည် အကောင်းဆုံးသွင်းဂိုးဆုနှင့် တစ်နှစ်တာအတွင်းအကောင်းဆုံးခြေစွမ်းပြသနိုင်မှုဆုကိုလည်း ရရှိခဲ့သည်။

ယူရိုပါလိဂ်ပြိုင်ပွဲတွင် မန်ယူအသင်းဘက်သို့ သွင်းယူခဲ့သောဂိုးဖြင့် တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးဆုကို ရရှိခဲ့ခြင်း ဖြစ်ပြီး နိုဝင်ဘာလက မန်စီးတီးကို ၁-၄ ဂိုးဖြင့် အနိုင်ရသည့်ပွဲမှ ခြေစွမ်းပြမှုဖြင့် တစ်နှစ်တာအတွင်း အကောင်းဆုံးခြေစွမ်းပြသနိုင်မှု ဆုကို ရရှိခဲ့သည်။

ထို့အပြင် ကော်တင်ဟိုသည် ကစားသမားများမှ ရွေးချယ်သော အသင်းကြီး၏တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့သည်။ ထိုဆုလေးဆုစလုံးကို ပြီးခဲ့သည့်ရာသီကလည်း   ကော်တင်ဟိုသာ ရရှိခဲ့သည်။

ကွင်းလယ်ကစားသမား အမ်မရီကန်မှ အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့ပြီး မာသာဟာရစ်က တစ်နှစ်တာအမျိုးသမီးအကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့သည်။ အကယ်ဒမီလူငယ်အကောင်းဆုံး ဘောလုံးသမားဆုကိုမူ ဘရက်စမစ်က ရရှိခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly