ဗြိတိန်ပြည်သူများတွင် selfies ရိုက်ခြင်းများ တစ်နေ့လျှင် ၁၄ ဒသမ ၅ သန်း ကျော်ရှိ

ဗြိတိန်ပြည်သူများတွင် selfies ရိုက်ခြင်းများ တစ်နေ့လျှင် ၁၄ ဒသမ ၅ သန်း ကျော်ရှိ

ဗြိတိန်နိုင်ငံပြည်သူများကြားတွင် ခေတ်စားလွန်းသည့် selfies ရိုက်ခြင်းများသည် တစ်နေ့လျှင် ၁၄ ဒသမ ၅ သန်းရှီပြီး လူမှုမီဒီယာများပေါ် selfies ပုံများတင်ခြင်း၊ ရှယ်ခြင်းများသည် တစ်နေ့လျှင် ၄ ဒသမ ၃ သန်းကျော်ရှိသည်။

လူ သုံးဦးလျှင် တစ်ဦးနှုန်းသည် selfies ရိုက်ခြင်းကို စွဲလမ်းနှစ်သက်နေပြီး တစ်နှစ်စာတွက်မည်ဆိုပါက မယုံနိုင်လောက်အောင် များပြားသည့် selfies ရိုက်ကူးမှု ပုံပေါင်းမှာ ၅ ဒသမ ၂၅ ဘီလီယံရှိကြောင်း သုတေသနတစ်ရပ်က ဆိုသည်။

အသက် ၂၅ နှစ်နှင့် ၃၄ ကြားအရွယ်များကြားတွင် selfies ရိုက်ကာ အွန်လိုင်းတင်ခြင်းများက ပိုမိုများပြားသည်။

ဗြိတိန်နိုင်ငံတွင်း selfies ရိုက်ကာ ဖေ့ဘုတ်၊ တွစ်တာနှင့် အင်စတာဂရမ်ကဲ့သို့ လူမှုမီဒီယာများသို့ တင်ကာ ရှယ်ကြခြင်းများသည် တစ်နေ့လျှင် ၄ ဒသမ ၃ သန်းရှိကြောင်း Carphone Warehouse က စစ်ဆေးတွက်ချက်ခဲ့သည်။

” Selfies က ယနေ့ခေတ်မှာ ခေတ်သစ်ဒိုင်ယာရီပါပဲ။ လူတွေက သူတို့ ဘယ်မှာရှိနေတာ၊ ဘယ်သူတွေနဲ့ ရှိတာနဲ့ ဘယ်လိုဝတ် စားထားတယ်ဆိုတာမျိုးကို ပြသကြတာပဲဖြစ်ပါတယ်။”ဟု ဂျီရိုကော့်ဆော်လူ ဆိုသူက ပြောသည်။

Ref: Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags