တောင်တွင်းရွေးကောက်ပွဲ‬ အောင်နိုင်ရေး ဆပ်ကော်မတီလူငယ်များစုပေါင်း၍ အလှူငွေပေးအပ်

တောင်တွင်းရွေးကောက်ပွဲ‬ အောင်နိုင်ရေး ဆပ်ကော်မတီလူငယ်များစုပေါင်း၍ အလှူငွေပေးအပ်

 မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ ရွေးကောက်ပွဲအောင်နိုင်ရေးဆပ်ကော်မတီ လူငယ်များမှစုပေါင်း၍ တောင်တွင်းကြီးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ အလှူငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို အဖွဲ့ချုပ် ရုံးတွင် မေလ(၁၂)ရက်နေ့၊ နံနက်(၉)နာရီတွင် ကျင်းပခဲ့သည်။

အလှူငွေ(၈၇၀၀၀ဝိ)နှင့် အထိမ်းအမှတ်ပစ္စည်းများဖြစ်သော လွယ်အိတ်(၈၆)လုံး။ဦးထုပ်(၁၀)လုံး၊ အလံအသေးများ(၁၈၂)လက် တန်ဖိုးငွေ(၃၀၉၄၀၀ိ/-) စုစုပေါင်း တန်ဘိုးငွေ (၁၁၇၉၄၀ဝိ)ကျပ်တိတိ ရွေးကောက်ပွဲအောင်နိုင်ရေး ဆပ်ကော်မတီ လူငယ်များမှ လှူဒါန်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဌေးလွင်နှင့် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်တို့မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အလှူငွေနှင့် ပစ္စည်းများကို ဦးဇော်ကိုမင်း မှကော်မတီကိုယ်စားပေးအပ်ပြီး အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဌေးလွင်မှလက်ခံရယူခဲ့သည်။ ဂုဏ်ပြုမှတ်တမ်းလွှာအား အောင်နိုင်ရေးဥက္ကဌ ဦးဝင်းအောင်မှ ပေးအပ်ပြီး လှုံ့ဆော်ရေးဥက္ကဌ ဦးမောင်မောင်ဌေးမှ လက်ခံရယူခဲ့သည်။ အခမ်းအနားကိုတက်ရောက်လာသော လူငယ်များအား မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (စည်းကမ်းထိန်းသိမ်းရေး) ဦးသန်းနိုင်မှ အဖွဲ့ချုပ်ကိုယ်စား လွယ်အိပ် (၂၆)လုံးနှင့်ဦးထုပ်များကို မေတ္တာလက်ဆောင်ပြန်လည်ပေးအပ်ခဲ့သည်။

"တောင်တွင်း အောင်နိုင်ရေးလူငယ်တွေရဲ့ ရွေးကောက်ပွဲတာဝန်ကျေမှုဟာ တောင်တွင်းမြို့အတွက် ဂုဏ်ယူစရာ ကောင်းတယ်။ လှူဒါန်းရှိတဲ့ ငွေတွေကိုလည်း ပါတီအတွက် အကျိုးရှိမယ့်နေရာတွေနဲ့ ပြည်သူတွေအတွက် လိုအပ်မယ့်နေရာ တွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။" ဟု မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (စည်ကမ်းထိန်းသိမ်းရေး)ဦးသန်းနိုင်က မဇ္ဈိမသို့ ပြောပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly