ကာဗာနီ၏အဖြစ်အပျက်ကိုသတိရစေသည့် အီးတီလက်ညှိုးပြ၍ မက်ဆီကို ချီလီမဂ္ဂဇင်းမှသတိပေး

ကာဗာနီ၏အဖြစ်အပျက်ကိုသတိရစေသည့် အီးတီလက်ညှိုးပြ၍ မက်ဆီကို ချီလီမဂ္ဂဇင်းမှသတိပေး

ဇူလိုင် ၄၊ ချီလီ။ ။ ကိုပါအမေရိကဖလားဗိုလ်လုပွဲအဖြစ်ချီလီအသင်းနှင့် အာဂျင်တီးနားအသင်းတို့ပွဲစဉ်မတိုင်မီ ချီလီသရော်စာမဂ္ဂဇင်းတစ်စောင်က ကမ္ဘာ့အကောင်းဆုံးကစားသမား မက်ဆီကို သရော်လှောင်ပြောင်သည့် သတိပေးမှုတစ်ခုပြုလုပ်ခဲ့သည်။

မဂ္ဂဇင်းမျက်နှာဖုံးတွင် အာဂျင်တီးနား၏ပြိုင်ဘက်ချီလီအသင်း၏အရောင်ဖြစ်သော အနီရောင်ခြယ်ထားသည့် လက်ညှိုးထောင်ပြထားသော အီးတီပုံကိုဖော်ပြထားကာ “အဆင်သင့်ပဲ မက်ဆီ”ဟု သတိပေးရေးသားထားသည်။

အဆိုပါ ကလင်းနစ်မဂ္ဂဇင်းသည် ကွာတားဖိုင်နယ်ပွဲစဉ်အတွင်း ချီလီနောက်ခံလူ ဂွန်ဇာလိုဂျာရာနှင့် ဥရုဂွေးတိုက်စစ်မှူး ကာဗာနီတို့၏အဖြစ်အပျက်ကို ရည်ညွှန်းထားခြင်းဖြစ်သည်။ ယင်းပွဲတွင် ဂျာရာသည် ကာဗာနီ၏ဖင်ကိုနှိုက်ခဲ့သည်။

ပြန်လည်တုန့်ပြန်ခဲ့သော ကာဗာနီသည် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီး ချီလီအသင်းက ၁-၀ ဂိုးဖြင့်အနိုင်ရခဲ့သည်။ ချီလီနောက်ခံလူ ဂျာရာမှာ ပွဲချိန်အတွင်းထုတ်ပယ်ခံရခြင်းမရှိသော်လည်း နှစ်ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရသည်။

ပွဲပယ်ပြစ်ဒဏ်ကြောင့် ဗိုလ်လုပွဲတွင်ဂျာရာပါဝင်နိုင်ခြင်းမရှိသော်လည်း ကလင်းနစ်မဂ္ဂဇင်း၏ ဖော်ပြမှုအရ မက်ဆီမှာ ၎င်း၏နောက်ကျောကို သတိထားရဦးမည်ဖြစ်သည်။

ရည်ညွှန်း အင်ဒီပန်းဒန့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly