မွန်ဘိုင်းစီးတီး ကစားသမား-နည်းပြအဖြစ် အနယ်ကာတာဝန်ပေးခံရ

မွန်ဘိုင်းစီးတီး ကစားသမား-နည်းပြအဖြစ် အနယ်ကာတာဝန်ပေးခံရ

ဇူလိုင် ၄၊ မွန်ဘိုင်း။ ။ ချယ်လ်ဆီးနှင့်အာဆင်နယ်တိုက်စစ်မှူးဟောင်း အနယ်ကာသည် မွန်ဘိုင်းစီးတီးအသင်း၏ ကစားသမား-နည်းပြဖြစ်လာခဲ့ပြီ ဖြစ်သည်။ အသက် ၃၆ နှစ်အရွယ်ရှိ အနယ်ကာသည် ပြီးခဲ့သည့်ရာသီက အိန္ဒိယစူပါလိဂ်တွင် မန်စီးတီးနည်းပြပီတာရိဒ်၏လက်အောက်တွင် ကစားခဲ့သည်။

“နည်းစနစ်ကြွယ်ဝမှု၊ စိတ်ဓါတ်မြှင့်တင်နိုင်စွမ်းကောင်းမွန်မှုတို့ကြောင့် ကျွန်တော်တို့အတွက် အထင်ကြီးလေးစားစရာဖြစ်ခဲ့ရပါတယ်”ဟု မွန်ဘိုင်းစီးတီးပူးတွဲပိုင်ရှင်နှင့် ဘောလိဝုဒ်မင်းသား ရာဘီယာကပူးကပြောသည်။

အနယ်ကာသည် ယခင်ကလည်း ရှင်ဟိုင်းရှင်ဟွာအသင်းတွင် ကစားသမား-နည်းပြအဖြစ် ၂၀၁၂ ခုနှစ်က တာဝန်ယူခဲ့ဖူးသူဖြစ်သည်။ ယင်းပြင်သစ်တိုက်စစ်မှူးသည် ယမန်နှစ်က လိဂ်ပွဲ ခုနစ်ပွဲတွင်နှစ်ဂိုးသာသွင်းနိုင်ခဲ့သော်လည်း လစာအလွန်မြင့်မားသည့် ကစားသမားဖြစ်လာခဲ့သည်။

“ဒီနှစ်ရာသီသစ်ကိုစတင်ဖို့ ကျွန်တော်တို့သိပ်စိတ်လှုပ်ရှားနေပါတယ်။ အသင်းအတွက် လက်ရှိရာထူးသစ်ကို တာဝန်ယူဖို့ ကျွန်တော်ဆန္ဒပြင်းပြနေပြီး တောင့်တင်းတဲ့အသင်းတစ်သင်းအဖြစ် ပုံဖော်လိုပါတယ်” ဟု ကစားသမားဘဝ ၁၂ နှစ်သင်းမြောက်အသင်းနှင့်ပတ်သက်ပြီး အနယ်ကာက ပြောသည်။

မွန်ဘိုင်းစီးတီးအသင်းသည် ယမန်နှစ်က ရှစ်သင်းပါဝင်သော အိန္ဒိယစူပါလိဂ်တွင် အဆင့် ခုနစ်နေရာသာရခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly