အွန်လိုင်းပေါ်မှာ အခြားအမျိုးသားနှင့် စကားပြော၍ ချစ်သူမိန်းကလေးအား လည်ပင်းဓားနဲ့လှီးမှု ထိုင်းတွင် ဖြစ်ပွား

အွန်လိုင်းပေါ်မှာ အခြားအမျိုးသားနှင့် စကားပြော၍ ချစ်သူမိန်းကလေးအား လည်ပင်းဓားနဲ့လှီးမှု ထိုင်းတွင် ဖြစ်ပွား

မေ ၁၁ ။           ။ ထိုင်းနိုင်ငံတွင် မေလ ၁၀ ရက် ညပိုင်းက အသက် ၂၄ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးမှာ ၎င်း၏ ချစ်သူမိန်းကလေး အွန်လိုင်းဆက်သွယ်ရေး အက်ပလီးကေးရှင်း LINE ပေါ်တွင် အခြား အမျိုးသားတစ်ဦးနှင့် စကားပြောဆိုနေသည်ကို တွေ့မြင်သိရှိခဲ့ပြီးနောက် သဝန်တိုစိတ်ဖြင့် ၎င်းမိန်းကလေး၏ လည်ပင်းကို ဓါးဖြင့် လှီးဖြတ်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

LINE ပေါ်တွင် မိမိ၏ ရည်စားမှာ အခြားယောကျ်ားလေးတစ်ဦးနှင့် chatting ထိုင်နေသည်ကို တွေ့ခဲ့ရပြီးနောက် ဒေါသူပုန်ထကာ လုပ်မိလုပ်ရာ လုပ်လိုက်မိသည်ဟု နက်သန်နက် ရူဗိုရန်နောက် ဆိုသူ အမျိုးသားက ရဲများ၏ ရှေ့မှောက် ထွက်ဆိုသွားသည်။

ထိုင်းနိုင်ငံ ခိုဖန်ဂန်း ဒေသ ကမ်းခြေတစ်ခုရှိ ဘန်ဂလိုတစ်ခုတွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲများက ပြောကြားခဲ့သည်။ ရဲများရောက်ရှိသွားချိန်တွင်မူ ၎င်းအမျိုးသားမှာ ခုတင်ပေါ်တွင် သွေးအိုင်ထဲ၌ လဲကျနေသော မိန်းကလေးတစ်ဦး၏ ဘေးတွင် ငိုယိုနေသည်ကို တွေ့ခဲ့ရသည်ဟု သိရသည်။

ယခုကဲ့သို့ လည်ပင်းဓါးလှီးခံခဲ့ရသော အသက် ၂၄ နှစ်ရှိ ခွန်သီကာ ချူရွတ်ဆိုသူ မိန်းကလေးမှာမူ လည်ပင်းနှင့် ရင်ဘတ်တို့တွင် ပြင်းထန်သည့် ဓါးဒဏ်ရာများ ရရှိခဲ့ကာ သေဆုံးသွားခဲ့သည်။

ယခုဖြစ်စဉ်တွင်မူ ၎င်းတို့ ချစ်သူနှစ်ဦးအား အားလပ်ရက်အဖြစ် အဆိုပါ ကမ်းခြေသို့ ခရီးထွက်လာခဲ့ကြခြင်းဖြစ်သည်။ ဘန်ဂလိုတွင် ရှိနေစဉ် နက်သန်နက်က အပြင်သို့ စားစရာအချို့ သွားရောက်ဝယ်ယူပြီး ပြန်အလာတွင် အခန်းထဲ၌ ချစ်သူမိန်းကလေးမှာ အခြား ကောင်လေးဖြင့် Chatting ထိုင်နေသည်ကိုတွေ့ခဲ့ရခြင်းမှစကာ စကားများခဲ့ကြခြင်းဖြစ်သည်။ ယင်းနောက် နက်သန်နက်က ဒေါသကို မထိန်းနိုင်ဘဲ ယခုကဲ့သို့ ဓါးဖြင့် သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly