ဖိလစ်ပိုင်သမ္မတက ကွန်မြူနစ်သူပုန်များကို ထောင်တွင်းမှ ပြန်လွှတ်ပေးရန်ရှိ

ဖိလစ်ပိုင်သမ္မတက ကွန်မြူနစ်သူပုန်များကို ထောင်တွင်းမှ ပြန်လွှတ်ပေးရန်ရှိ

မနီလာ၊ မေ ၁၁ ။            ။ ဖိလစ်ပိုင်နိုင်ငံက ရွေးကောက်ခံ သမ္မတသစ် ရော့ဒ်ဒရီဂိုဒူတာတေးက ဆယ်စုနှစ်ကြာပြည်တွင်းသောင်းကျန်းမှုများ အဆုံးသတ်ရန် ရည်ရွယ်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်စနိုင်ရေးအတွက် ဖမ်းဆီးထားသည့် ကွန်မြူနစ်သူပုန်များအား ပြန်လွှတ်ပေးဖွယ်ရှိရာ ထောင်တွင်းကွန်မြူနစ်ထောင်ပေါင်းများစွာ အသက်ရှင်လျက်ရှိနေကြောင်း အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ၎င်း၏ လက်ထောက်တစ်ဦးက မေ ၁၀ ရက်တွင်ပြောသည်။

 မေ ၉ ရက်ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် ဇွန် ၃၀ တွင် ကျမ်းသစ္စာဆိုမည်ဖြစ်သော ဒူတာတေးက သုံးနှစ်အကြာက ငြိမ်းချမ်းရေးညှိနှိုင်းမှုများ ပျက်စီးသွားစေသည့် အဓိကအကြောင်းရင်းခံဖြစ်သော ဖမ်းဆီးခံကွန်မြူနစ်များ ပြန်လွှတ်ပေးရေးကို လိုလားလျက် အသင့်ရှိနေကြောင်း ပြသခဲ့သည်ဟု ယင်းလက်ထောက်က ပြောသည်။

 ရာထူးမှ ဆင်းပေးရမည့် သမ္မတအကွီနိုက ၂၀၁၃ ခုနှစ်အတွင်း ကွန်မြူနစ်ပါတီနှင့် ညှိနှိုင်းဆွေးနွေးကြရာတွင် အစိုးရကလက်မခံနိုင်သည့် ဖမ်းဆီးထားသည့် ကွန်မြူနစ်များကို ပြန်လွှတ်ပေးရေး ကွန်မြူနစ်ပါတီ၏ တောင်းဆိုချက်ကြောင့် ယင်းဆွေးနွေးပွဲများက နိဂုံးချုပ်သွားခဲ့ခြင်းဖြစ်သည်။

 ရွေးချယ်ခံသမ္မတသစ်က ဆွေးနွေးပွဲများအတွက် ပြည်ပရှောင်တိမ်းနေသည့် ကွန်မြူနစ်ခေါင်းဆောင်များအား နိုင်ငံတွင်း ပြန်လည်ဝင်ရောက်ခွင့်ပြုရေးကိုလည်း စဉ်းစားမည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေကိုလည်း သုံးသပ်သွားမည်ဖြစ်ကြောင်း ဒူတာတေး၏ ပြောရေးဆိုခွင့်ရှိသူ ပီတာလာဗီနာက ပြောသည်။

 အစိုးရသစ်အနေဖြင့် ဖမ်းဆီးထားသည့် သူပုန်များကို ပြန်လွှတ်ပေးရေး ငြင်းဆန်လိမ့်မည်မဟုတ်၍ ဆွေးနွေးပွဲများတွင် ၎င်းတို့အနေဖြင့် ပါဝင်နိုင်မည်ဖြစ်ကြောင်း လာဗီနာက ပြောသည်။

 ဒူတာတေးသည် ၁၉၆၈ ခုနှစ်က ကွန်မြူနစ်ပါတီကို စတင်တည်ထောင်ခဲ့သူ နယ်သာလန်တွင် အခြေစိုက်နေထိုင်နေသည့် ဂျိုဆေးမာရီယာဆီဆွန်နှင့် ရင်းနှီးသည့် သူငယ်ချင်းတစ်ဦးလည်း ဖြစ်သည်။ ထိုပြင် ဒူတာတေးသည် ဒါဗာယို၌ သံသယရှိရာဇဝတ်မှုကျုးလွန်သူ တစ်ထောင်ကျော်ထက်မနည်းကို သတ်ဖြတ်ခဲ့သည့် ကိုယ်ပိုင်လက်နက်ငယ်အဖွဲ့ကို ဦးစီးနေသူဟူလည်း စွပ်စွဲခံထားရသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly