ထရိတ်ဒါးဟိုတယ် ဗုံးပေါက်ကွဲမှု ထောင်ဒဏ်တစ်သက်

ထရိတ်ဒါးဟိုတယ် ဗုံးပေါက်ကွဲမှု ထောင်ဒဏ်တစ်သက်
 ပေါက်ကွဲမှုအပြီး ထရိတ်ဒါးဟိုတယ်အားတွေ့ရစဉ် File Photo

ဇူလိုင် ၄ ရက် ။        ။ ၂၀၁၃ ခု အောက်တိုဘာလအတွင်းက ထရိတ်ဒါးဟိုတယ် ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးထားသူ စောမြင့်လွင်အား ဇူလိုင် ၃ ရက်တွင် ထောင်ဒဏ်တစ်သက်အပြင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်သည်။

ပေါက်ကွဲမှုကြောင်း ဟိုတည်ဧည့်ခန်း ပျက်စီးမှုရှိပြီး ၄၃ နှစ်အရွယ် အမေရိကန်အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

အမှုနှင့်ဆက်စပ်၍ ဖမ်းဆီးခဲ့သူ ၃ ဦး အနက်တဦးဖြစ်သည့် ၂၆ နှစ်အရွယ် စောမြင့်လွင်အား ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်ပြီး ပြစ်မှု သုံးခုကျူးလွန်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ကျန်နှစ်ဦးအား တရားသေ လွှတ်ပေးလိုက်ပြီး ပေါက်ကွဲမှုကို ကြိုးကိုင်စီစဉ်သည်မှာ ကရင်အမျိုးသားအစည်းအရုံး KNU ဟု ရဲက စွပ်စွဲထားသည်ဟု သတင်းတပုဒ်က ရေးသားထားသည်။

ဖောက်ခွဲခဲ့သည့် ဗုံးကို မြန်မာနိုင်ငံမှ ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေးကို မလိုလားသူ KNU အဖွဲ့ဝင် နှင့် အဆက်သွယ်ရှိ သည့် စီးပွားရေးသမားတဦးက ငွေပေးခိုင်းစေခဲ့ကြောင်း စောမြင့်လွင်က ထွက်ဆိုသည်ဟု စုံစမ်းစစ်ဆေးသည့်ရဲက ပြောကြောင်း AP သတင်းအရ သိရသည်။ Ref; AP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly