ဆင်မင်းဘိလပ်မြေစက်ရုံ မီးလောင် အလုပ်သမား ၃ဦးဒဏ်ရာရ

ဆင်မင်းဘိလပ်မြေစက်ရုံ မီးလောင် အလုပ်သမား ၃ဦးဒဏ်ရာရ

မန္တလေး ၊ မေ ၁၀ ။              ။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ စက်ရုံစုနယ်မြေရှိ ဆင်မင်းဘိလပ်မြေစက်ရုံတွင် မေ ၁၀ ရက်၊ နံနက် ၂ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ရာ အလုပ်သမား ၃ ဦး မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း  ကျောက်ဆည်မြို့နယ်၊မြို့မ ရဲစခန်းမှသိရသည်။

ကျောက်မီးသွေးအမှုန့်ကြိတ်ဌာနခွဲ၌ ကျောက်မီးသွေးအမှုန့်စနစ်(Bag Filter)ကိုယ်ထည် အပူချိန်လွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ညဆိုင်းအလုပ်သမားများဖြစ်သည့် ကျောက်ဆည်မြို့နယ်၊ အရှေ့ရေဖျားတောကျေးရွာမှ နေလင်းထွန်း ၂၀ နှစ်(စိုးရိမ်ရ)၊စိုင်းကိုဦး ၂၆ နှစ် (စိုးရိမ်ရ)နှင့် ရဲမင်းနိုင် (မစိုးရိမ်ရ)တို့ မီးလောင်ဒဏ်ရာများရရှိခဲ့သောကြောင့် ကျောက်ဆည်မြို့နယ်ဆေးရုံသို့ တင်ပို့ထားကြောင်း ကျောက်ဆည်မြို့နယ်၊မြို့မ ရဲစခန်း၏ ထုတ်ပြန်ချက်အရသိရသည်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ကျောက်ဆည်ခရိုင် မီးသတ်တပ်ဖွဲ့မှ သိန်း ၄၀ သတ်မှတ်ကြောင်းနှင့်အရေးယူမှုများပြုလုပ်နိုင်ရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်ကြောင်း မြို့မ ရဲစခန်း၏ ထုတ်ပြန်ချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly