မဲဆောက်တွင် မြန်မာအမျိုးသမီးနှစ်ဦးနှင့် ထိုင်းအမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ

မဲဆောက်တွင် မြန်မာအမျိုးသမီးနှစ်ဦးနှင့် ထိုင်းအမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ

ထိုင်းနိုင်ငံ မဲဆောက်ခရိုင်တွင် မြန်မာအမျိုးသမီးနှစ်ဦးအား ထိုင်းအမျိုးသားတစ်ဦးနှင့်အတူ မက်သာဖီသမင်းဆေးပြား ၃၀ ကီလိုဂရမ်နှင့်အတူ လက်ရဖမ်းဆီးရမိသည်။

 ၎င်းတို့သုံးဦးအား မြောက်ပိုင်းနယ်စပ် တက်ပြည်နယ်အတွင်း မူးယစ်နှိမ်နှင်းရေးတာဝန်ရှိသူများ၊ ဒေသရဲအဖွဲ့နှင့် စစ်တပ်ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရဲက ပြောသည်။

 ထိုင်းအမျိုးသားဖြစ်သူသည် တက်ပြည်နယ် သာဆောင်ယန်းခရိုင်မှ အပီရော့ဆိုသူဖြစ်ကြောင်း သိရပြီဖြစ်သော်လည်း မြန်မာအမျိုးသမီးနှစ်ဦးကိုမူ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပေ။

 ရဲက ထိုင်းဘတ်ငွေ ၂၂ သန်းဖြင့် မက်သာဖီသမင်းဆေးပြား ၃၀ ကီလိုဂရမ် ဝယ်ယူမည့် ဟန်ဆောင်ကာ ဖမ်းဆီးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မူးယစ်ဆေးဝါးများမှာ မြန်မာနိုင်ငံတွင်းမှ မှောင်ခိုသွင်းလာခြင်းဖြစ်ကြောင်း သိရသည်။

 ဖမ်းမိသူ သုံးဦးအား ဘန်ကောက်ရှိ မူးယစ်နှိမ်နှင်းရေးဗျူရိုသို့ ပို့ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly