လူထုကတော့ စစ်ကို မလိုလားတာ သေချာတယ်

လူထုကတော့ စစ်ကို မလိုလားတာ သေချာတယ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြည်တွင်းစစ်ရပ်စဲချုပ်ငြိမ်းရေး ချီတက်ဆန္ဒပြပွဲ မနေ့က ဖြစ်ပွားခဲ့ပါတယ်။ လူ နှစ်ထောင်ခန့် ပါဝင်လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်အ တွင်း တိုက်ပွဲများဖြစ်ပွားလာခဲ့ရပြီးနောက်ပိုင်း ဒုတိယအကြိမ် စစ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဒီလ ၁ ရက်နေ့ကလည်း ရခိုင်ပြည်နယ်ထဲက မြို့ ရှစ်မြို့မှာ အခုလိုပဲ လူဦးရေ တစ်သောင်းခန့် လမ်းလျှောက်ဆန္ဒပြပြီး ပြည်တွင်းစစ်ရပ်စဲဖို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ချုပ်ငြိမ်းဖို့ တောင်းဆိုခဲ့ပါသေးတယ်။

ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းစစ်ကာလအတိုင်းအတာဟာ ရာစုနှစ်ဝက်ကျော် ကြာလာခဲ့ပြီဖြစ် လို့ စစ်ပွဲတွေ ဘာ့ကြောင့် ဖြစ်ရတယ်၊ ဒီစစ်ပွဲတွေမှာ ဘယ်သူ့မှာ တာဝန်အရှိဆုံး ဖြစ်တယ်ဆိုတာနဲ့ စစ်ပွဲကြောင့် ပြည်သူတွေ မည်ရွေ့မည်မျှ ထိခိုက်ပျက်စီးခဲ့ကြရပြီလည်းဆိုတဲ့ မေးခွန်းကို မှန်မှန်ကန် ကန်ဖြေနိုင်ဖို့ရာ ခက်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ စိတ်မချမ်းမြေ့စရာ အကောင်းဆုံးနဲ့ ရင်လေးဖွယ် အကောင်းဆုံးကိစ္စပါပဲ။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ပထမအခြေခံက စစ်မက်မရှိတဲ့ အခြေအနေ၊ စိတ်ဝမ်း မကွဲတဲ့အခြေအနေ၊ တနည်းအားဖြင့်ပြောရရင် အမျိုးသားသွေးစည်းညီညွတ်မှုအခြေအပေါ် လုံးဝမူတည် ပါတယ်။ အခု စစ်ပွဲတွေ ဖြစ်နေပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ သေနတ်သံတွေကြားနေရတယ်။ ပြည်သူတွေဟာ ကျည်ဆန်မိုးရွာနေတဲ့အောက်မှာ အသက်ရှင် သန်ရေး ကြိုးပမ်းနေကြရတယ်။ ဒီတော့ကာ ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ရက်တစ်ရာမကလို့ ရက်တစ်သောင်း ရက် တစ်သိန်းသတ်မှတ်ပြီး ဘယ်လိုပဲ လုပ်လုပ် ဘယ်လိုပဲပြောပြော အဲဒီစကား တွေဟာ တကယ်တော့ ယုတ္တိမရှိတဲ့စကားတွေပဲ ဖြစ်နေမှာပါပဲ။ လေထဲ သဲအိမ်ဆောက်တဲ့သဘောပဲ ဖြစ်နေမှာပါပဲ။

ဒီလိုအနေအထားမှာ စစ်ပွဲတွေရပ်တန့်ချုပ်ငြိမ်းသွားဖို့နည်းလမ်းရှာကြတဲ့အခါ ဘယ်သူ့မှာ တာဝန်အရှိဆုံးလည်း ဆိုတဲ့မေးခွန်းကို ဘေးချိတ်ပြီး ဘယ်လိုခြေလှမ်းတွေနဲ့ စကြမလဲဆိုတာက ပိုပြီးလက်တွေ့လည်းကျ ပိုပြီး အဆင်ပြေမယ့်နည်းလမ်းလို့မြင်မိပါတယ်။ စစ်ပွဲတွေ ရပ်တန့်ချုပ်ငြိမ်း ဖို့ဆိုတာ  တကယ် ငြိမ်းချမ်းချင်တဲ့စိတ်အပေါ် အခြေခံပြီး နည်းလမ်းရှာကြရမှာပါပဲ။ စိတ်ပျက်ဖို့ ကောင်းတာကတော့ စစ်ပွဲတွေ ရပ်တန့်ချုပ်ငြိမ်းသွားချင်တဲ့စိတ်က လူထုဆီမှာပဲရှိပြီး စစ်ပွဲတွေဖြစ် အောင် လုပ်တဲ့သူတွေဆီမှာ မရှိသေးလို့သာ စစ်ပွဲတွေ သက်ဆိုးရှည်နေတာဖြစ်တယ်ဆိုတာ သွားတွေ့နေရလို့ပါပဲ။

ပြည်သူတွေကတော့ စစ်ကိုမလိုလားတာ အမှန်ပါပဲ။ ပြည်သူတွေကတော့ စစ်ပွဲတွေချုပ်ငြိမ်း သွားဖို့ သဘောထားတွေ အထင်အရှားပြနေကြတာတော့အမှန်ပါပဲ။ ဘာပြုလို့လည်းဆိုတော့ စစ်ပွဲ တွေကြောင့် သူတို့မှာ တိုက်ရိုက်ထိခိုက်ကြရလို့ပါပဲ။ သေကြေကြရတာ လူထုပါပဲ။ အိုးအိမ်စည်းစိမ် တွေ ပျက်စီးဆုံးရှုံးရတာလည်း လူထုပါပဲ။ အနာဂတ်မဲ့ သွားရတာလည်း လူထုပါပဲ။ ဒါကြောင့်မို့ လူထုကတော့ စစ်ကိုမလိုလားတာ အမှန်ပါပဲ။

ဒီလိုအခြေခံနဲ့ကြည့်ရင် စစ်ပွဲတွေဆက်ဖြစ်နေတဲ့အခြေခံအပေါ်မှာရပ်ပြီးကြည့်ရင်တော့ လူထုကတော့ စစ်ပွဲတွေကို မလိုချင်တော့တာ သေချာနေပြီဆိုတဲ့ အချက်အပေါ် မူတည်ပြီး စဉ်းစား ရင်တော့ စစ်ပွဲတွေဆက်ဖြစ်နေတာ စစ်ပွဲတွေ သက်ဆိုးရှည်နေတာတွေဟာ လူတစ်စုကြောင့်သာ ဖြစ်တယ်ဆိုတဲ့ အဖြေကို သွားတွေ့ရပါတယ်။

အခုအချိန်မှာတော့ တပ်မတော်ရဲ့အကြီးအကဲဖြစ်တဲ့သူကလည်း ငြိမ်းချမ်းရေးကို တပ်မတော် လောက် လိုချင်တဲ့သူ မရှိပါဘူးလို့ ထုတ်ဖေါ်ပြောဆိုထားပြီး ဖြစ်တယ်။ တချိန်တည်းမှာပဲ လက်ရှိအာ ဏာရပါတီရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာလည်း ပြည်တွင်းငြိမ်းချမ်းရေးရအောင် ပထမဦးစားပေး ဆောင်ရွက်မယ်လို့ ဆိုထားပြီး ဖြစ်တယ်။ တခါ ပြည်သူတွေကတော့ စစ်ကို အမုန်းကြီးမုန်းနေတာ လမ်းပေါ်ထွက် ဆန္ဒပြတဲ့အထိ တောင်းဆိုလာနေကြပြီ။

ဒါဆိုရင် ဆက်လက်ဖြစ်ပွားနေတဲ့စစ်ကို ရပ်တန့်သွာအောင်လုပ်ဖို့ မခက်ခဲတော့ပါဘူး။ ဘာပြု လို့လည်းဆိုတော့  လူတစ်စုကသာလျင် စစ်ကိုလိုလားနေတာ စစ်ကိုဖန်တီးနေတာ သေချာသွားပြီပဲ။ လူများစုကြီးဖြစ်တဲ့ လူထုကြီးကရော၊ အာဏာရပါတီကရော၊ တပ်မတော်ကပါ စစ်ကိုမလိုလားတာ သေချာနေမှတော့ အဲဒီအချက်တွေကလည်း ကြားရမြင်ရတဲ့အတိုင်း မှန်ကန်နေမယ်ဆိုရင်တော့ အဲဒီစစ်ကိုလိုလားတဲ့ စစ်ပွဲတွေဖြစ်နေအောင် ဖန်တီးတဲ့ လူနည်းစု လူတစ်စုကို မကြာတော့သောအ ချိန်မှာ ဖေါ်ထုတ်လို့လည်းရ စစ်ပွဲတွေလည်း ချုပ်ငြိမ်းသွားမှာသေချာကြောင်း မဇ္ဈိမက ကြေညာ မောင်းခတ်လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly