ရဝမ်ဒါနိုင်ငံတွင် မြေပြိုမှုများကြောင့် လူပေါင်း ၄၉ ဦး သေဆုံး၊ အဆောက်အဦးများစွာ ပျက်စီး

ရဝမ်ဒါနိုင်ငံတွင် မြေပြိုမှုများကြောင့် လူပေါင်း ၄၉ ဦး သေဆုံး၊ အဆောက်အဦးများစွာ ပျက်စီး

စီအင်န်အေ ။              ။ အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်သော ရဝမ်ဒါ တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၄၉ ဦး သေဆုံးသွား ခဲ့ကြောင်း အစိုးရ အာဏာပိုင်များက ထုတ်ပြန်ပြောကြားသည်။ အလားတူ မြေပြိုမှုများကြောင့် နိုင်ငံတစ်ဝန်း အဆောက်အဦးပေါင်း ရာနှင့်ချီ ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ယင်းနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး နောက်ထပ် ၂၆ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသွားကြ သည်ဟု အစိုးရတာဝန်ရှိသူများက ပြောကြားသည်။

အရှေ့အာဖရိက ဒေသရှိ နိုင်ငံအများအပြားတွင် ယခုနှစ်ဦးပိုင်းအတွင်း မိုးကြီးလေကြီးကျဆင်းမှု ဖြစ်စဉ်များ ဖြစ်ပေါ်ထားခဲ့ပြီး အယ်လ်နီညို ရာသီဥတုကြောင့် ယခုကဲ့သို့ ရာသီဥတု မမှန်ပဲ မိုးကြီးနေခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံအများစုက ပြစ်တင်ပြောကြားထားသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလကလည်း ကင်ညာနိုင်ငံတွင် နေ့ပေါင်းများစွာ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း လူနေအဆောက်အအုံတစ်ခု ပြိုကျခဲ့ရာ လူပေါင်း ၄၉ ဦးသေဆုံးသွားခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly