လက်မှတ်မရသည့် လီဗာပူးလ်ပရိသတ်များ ဘေဆယ်မြို့သို့မသွားကြရန် ကလော့ပ်တိုက်တွန်း

လက်မှတ်မရသည့် လီဗာပူးလ်ပရိသတ်များ ဘေဆယ်မြို့သို့မသွားကြရန် ကလော့ပ်တိုက်တွန်း

မေ ၉၊ လီဗာပူးလ် ။           ။ လက်မှတ်မရသည့် လီဗာပူးလ်ပရိသတ်အားလုံး ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ဘေဆယ်မြို့သို့သွားကြရန်ပြောမိခြင်းကိုနောင်တရမိကြောင်းနှင့် မသွားကြရန် လီဗာပူးလ်နည်းပြ ကလော့ပ်က တိုက်တွန်းလိုက်သည်။

ဆွစ်ဇာလန်နိုင်ငံတွင် မေ ၁၈ ၌ ဆီဗီလာအသင်းနှင့် ယူရိုပါလိဂ်ဗိုလ်လုပွဲကစားရမည့် လီဗာပူးလ်အသင်းကို အားပေးမည့် ပရိသတ်များအတွက် လက်မှတ်ခွဲတမ်း ၁၀, ၂၃၆ စောင်သာရရှိထားသည်။

"နောက်ဆုံးတစ်ခေါက်တုန်းက ကျွန်တော်ဘေဆယ်မြို့အကြောင်းပြောခဲ့တယ်။ ပရိသတ်တစ်ယောက်အဖြစ်နဲ့ပြောခဲ့တာဖြစ်ပြီး လီဗာပူးလ် ပရိသတ်အားလုံးကို ဘေဆယ်မြို့ကိုဖိတ်ခေါ်ခဲ့မိတယ်။
ရိုးရိုးသားသားပြောရရင် အဲဒါသိပ်မကောင်းပါဘူး။ ဘေဆယ်က မြို့ကောင်းတစ်မြို့ဆိုပေမယ့် ကျွန်တော်တို့အတွက်အဆင်သင့်မဖြစ်သေးပါ ဘူး။ ကျွန်တော့်အမှားပါ"ဟု ကလော့ပ်က ပြောသည်။

ဗိုလ်လုပွဲကျင်းပရာ ပရိသတ် ၃၅, ၀၀၀ သာဆံ့သည့် စိန့်ဂျက်ကော့ဘ်ပါ့ခ်သို့ပရိသတ်များစွာဖိတ်ခေါ်မည့် အစီအစဉ်ကိုတာဝန်ယူရန် ဥရောပ ဘောလုံးအဖွဲ့ချုပ်ကလည်း ဖိအားပေးခဲ့သည်။

ဆီဗီလာအသင်းက ၎င်းတို့ရရှိသည့်လက်မှတ်ခွဲတမ်းအပြည့်ရောင်းချခြင်းမရှိခဲ့လျှင်လည်း လီဗာပူးလ်အသင်းမှာ အပိုလက်မှတ်အနည်းငယ်ခန့် သာရရှိမည်ဖြစ်ပြီး ပရိသတ်ထောင်ပေါင်းများစွာမှာ စိတ်ပျက်ရမည်ဖြစ်သည်။

ဆီမီးတွင် ဗီလာရီးယဲလ်ကိုနိုင်ပြီးနောက် ပရိသတ်များစွာကိုဖိတ်ခေါ်ခဲ့သည့် ကလော့ပ်က မလိုလားအပ်သည့်အခက်ခဲများရှိနိုင်၍ လက်မှတ်ရထားသည့် ပရိသတ်များသာလာရောက် ကြရန် ဖြည့်စွက်ပြောဆိုသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly