ဖိလစ်ပိုင်တွင် မဲရုံများ မဖွင့်မီ နာရီပိုင်းအလို ခြံုခိုတိုက်ခိုက်မှုကြောင့် ခုနစ်ဦးသေဆုံး

ဖိလစ်ပိုင်တွင် မဲရုံများ မဖွင့်မီ နာရီပိုင်းအလို ခြံုခိုတိုက်ခိုက်မှုကြောင့် ခုနစ်ဦးသေဆုံး

မနီလာ၊ မေ ၉ ။             ။ ဖိလစ်ပိုင်နိုင်ငံတွင် မေ ၉ ရက်၌ ရွေးကောက်ပွဲမဲရုံများမဖွင့်မီ နာရီပိုင်းအလို ယာဉ်တန်းတစ်ခု ခြုံခိုတိုက်ခိုက်ခံရ၍ လူခုနစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း ရဲဌာနက ပြောသည်။

မြို့တော် မနီလာတောင်ဖက် ရိုဆာရီယိုမြို့တွင် အာရုံမတက်မီက ဂျစ်ကားတစ်စီးနှင့် ဆိုင်ကယ်နှစ်စီးဖြင့် သေနတ်ကိုင်များက ခြုံခိုတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ရဲထောက်လှမ်းရေးအကြီးအကဲ ဂျိုနသန်က ပြောသည်။

တိုက်ခိုက်ရသည့် အကြောင်းရင်းအား မသိရသေးပေ။

သို့သော်လည်း နိုင်ငံရေးပြိုင်ဆိုင်မှု ပြင်းထန်ရာ ယခုတိုက်ခိုက်မှုဖြစ်ပွားသည့် ကာဗတ်ပြည်နယ်ကို အထူးနယ်မြေအဖြစ် ရွေးကောက်ပွဲတာဝန်ရှိသူများက သတ်မှတ်ထားကြောင်း ရွေးကောက်ပွဲ အကြမ်းဖက်မှုများ စောင့်ကြည့်ရေးအထူးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဂျိုနသန်က ပြောသည်။

ယခုနှစ်စမှစကာ ရွေးကောက်ပွဲနှင့် ဆက်စပ်ပြီး သတ်ဖြတ်ခံသေဆုံးသူပေါင်း ၁၅ ဦးရှိကြောင်း ယင်းအဖွဲ့က ယခင်က ကြေညာထားသည်။

ဖိလစ်ပိုင်ပြည်သူများအနေဖြင့် မေ ၉ ရက်တွင် သမ္မတသစ်မှ မြို့ကောင်စီဝင်အထိ တာဝန်ထမ်းဆောင်မည့်သူများကို မဲပေးကာ ရွေးချယ်ကြမည်ဖြစ်သည်။

နိုင်ငံရေးဆူပူအကြမ်းဖက်မှုများက ဖိလစ်ပိုင်နိုင်ငံတွင် ဖြစ်ပွားမြဲဖြစ်ကာ ဥပဒေသက်ရောက်မှုအားနည်းခြင်းနှင့် ကိုယ်ပိုင်လက်နက်ကိုင်များပါ ထားရှိကြသည့် နိုင်ငံရေးမျိုးဆက် တည်ထောင်ထားကြ သူများကြောင့် ပိုမိုဆိုးဝါးစေခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly