ဖိလစ်ပိုင်တွင် မဲရုံများ စတင်ဖွင့်လှစ်ကာ အထွေထွေရွေးကောက်ပွဲစတင်

ဖိလစ်ပိုင်တွင် မဲရုံများ စတင်ဖွင့်လှစ်ကာ အထွေထွေရွေးကောက်ပွဲစတင်

မနီလာ၊ မေ ၉ ။              ။ ဖိလစ်ပိုင်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲများကို တင်းကြပ်သည့် လုံခြုံရေးဖြင့် မဲရုံများစတင်ဖွင့်လှစ်ကာ မေ ၉ ရက်တွင် စတင်ကျင်းပပြီဖြစ်သည်။

ဆူပူအကြမ်းဖက်မှုများဖြစ်ပွားမည့် စိုးရိမ်မှုများကြား ရဲအင်အား တစ်သိန်းကျော်ကို တာဝန်ချထားသည်။

သမ္မတသစ်အဖြစ် ကိုယ်စားလှယ်ပေါင်း ၅ ဦး ယှဉ်ပြိင်ပြီး ဒုတိယသမ္မတတစ်ဦး၊ ဥပဒေပြုလွှတ်တော်အမတ်များ၊ ဒေသဆိုင်ရာတာဝန်ခံအရာရှိ ၁၈၀၀၀ နီးပါးနှင့် မြို့တော်ဝန်နေများအတွက်လည်း မဲပေးရွေးကောက်ရမည်ဖြစ်သည်။

ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း အကြမ်းဖက်မှုများလည်းဖြစ်ပွားခဲ့ပြီး မဲဆွယ်စည်းရုံးရေးကာလအတွင်း လူပေါင်း ၁၅ ဦး အသတ်ခံသေဆုံးသည်။

ပြီးခဲ့သည့် မေ ၇ ရက်က နိုင်ငံတောင်ပိုင်းတွင် မြို့တော်ဝန်အရွေးခံမည့် ကိုယ်စားလှယ်တစ်ဦး အသတ်ခံခဲ့ရသည်။

ကိုယ်စားလှယ် အာမန်ဒို၏ နေအိမ်အတွင်း သေနတ်သမားတစ်ဦးက ဝန်ရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ရဲဌာနကပြောသည်။

ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံရေးမငြိမ်မသက်မှုများဖြစ်ပွားသည့် သမိုင်းက ကြာရှည်နေပြီး ရွေးကောက်ပွဲတိုင်းတွင် သတ်ဖြတ်မှုများ ဒါဇင်များစွာ ဖြစ်ပွားလေ့ရှိသည့် နိုင်ငံဖြစ်ကြောင်း သတင်းထောက်များက ပြောကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly