တရုတ်တွင် မြေပြိုအတွင်း ဆောက်လုပ်ရေးလုပ်သား ၃၀ ကျော် ပိတ်မိနေ

တရုတ်တွင် မြေပြိုအတွင်း ဆောက်လုပ်ရေးလုပ်သား ၃၀ ကျော် ပိတ်မိနေ

ပေကျင်း၊ မေ ၈ ။              ။ တရုတ်နိုင်ငံတွင် မြေပြိုမှုဖြစ်၍ ကျောက်တုံးကျောက်ခဲနှင့် ရွံ့နွံများအောက် ရောက်ရှိနေသည့် ဆောက်လုပ်ရေးလုပ်သား ၃၅ ဦးထံ ရောက်ရှိကယ်ဆယ်နိုင်ရေးအတွက် ကယ်ဆယ်ရေးသမားများ ကြိုးစားလုပ်ဆောင်နေသည်ကို နိုင်ငံပိုင်သတင်းတွင် ထုတ်လွှင့်သည်။

ရေအားလျှပ်စစ်တည်ဆောက်ရေးစီမံကိန်းနေရာတွင် မြေပြိုမှုဖြစ်ပြီး အလုပ်သမားတန်းလျား မြေပြိုမှုကြောင့် ပျက်စီးမြေဖုံးခြင်းဖြစ်သည်။

မေ ၈ ရက် အစောပိုင်းက ဖုကျန့်ပြည်နယ် တိုင်နန်းခရိုင်းအတွင်း ဖြစ်ပွားသည့် ယင်းမြေပြိုမှုတွင် ရုံးခန်းအဆောက်အအုံတစ်ခုလည်း မြေပြိုမှုနှင့် ကြုံတွေ့ရကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

မြေပြိုကျသည့် အကြောင်းရင်းကို မသိရသေးကြောင်း အာဏာပိုင်များက ပြောသည်။

သို့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ယင်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းကြောင်း ၎င်းတို့က ပြောသည်။

သီးခြားအနေဖြင့် မေ ၇ ရက်တွင် ကွမ်ကျိပြည်နယ်အတွင်း မိုးသက်မုန်တိုင်းများ ကျရောက်၍ လူပေါင်း ၁၀၀၀ ကျော်ထက်မနည်း ဘေးလွတ်ရာသို့ နေအိမ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly