မင်းဘူးမြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်း

မင်းဘူးမြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်း

မင်းဘူး ၊ မေ ၈ ။            ။ မင်းဘူးမြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးအတွက် မေ ၇ရက်နေ့က ကော်မတီဖွဲ့စည်းပြီးပြီ ဖြစ် ကြောင်း ဖြစ်မြောက်ရေး ဦးဆောင်သူ ကိုချို (ချစ်သူအိမ်)ပြောသည်။

ပြီးခဲ့သည့် မေ ၇ ရက်နေ့ ည၇နာရီတွင် မင်းဘူးမြို့ ပြည်တော်သာလမ်းရှိ သုခမိန် ခန်းမတွင် ပြည်သူများ၏ အများဆန္ဒဖြင့် အဆိုပါဖြစ်မြောက်ရေးကော်မတီအား ပွင့်လင်းမြင်သာစွာ ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။

ယင်းဖြစ်မြောက်ရေး ကော်မတီတွင် နာယက (၁၅) ဦး၊ ကော်မတီအဖွဲ့ (၁၅)ဦးနှင့် လိုအပ်ပါက ကော်မတီဦးရေ ထပ်တိုးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးတင်ဇော်ထွေးကပြောသည်။
 
“ ရံပုံငွေရရှိရေး ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်ထားရှိမည့် နေရာ ရွေးချယ်ရေးတို့ အပါအဝင် ဘာဘဲလုပ်လုပ် အများပြည်သူကို ချပြပြီးမှ လုပ်ဆောင်ကြမှာပါ။ ပြီးတော့ဘဏ်မှာ အကောင့်တခုဖွင့်မယ် မင်းဘူးမြို့နယ်က ရပ်နီးရပ်ဝေးမှာရှိတဲ့သူတွေ ဗိုလ်ချုပ်ကြေးရုပ် အတွက် လှုဒါန်းမယ်ဆိုရင် ဘဏ်မှာ ချက်ခြင်း သွင်းနိင်အောင် ဆောင်ရွက်ပေးထားပါ့မယ် ကျနော်တို့ ကော်မတီကိုလဲ အကြံဉာဏ်ပေးနိင်အောင် လူမှုကွန်ရက်တခု ဖွင့်ပေးထားမှာပါ” ၎င်း ဆိုသည်။

မင်းဘူး၏ သမိုင်းမှတ်တိုင်ဖြစ်သည့် အတွက် လူထုအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရန် အသင့်ဖြစ်နေကြောင်းအမှတ် ၂ ရပ်ကွက်နေ ကိုမင်းမြတ်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly