ဖိလစ်ပိုင်တွင် ရွေးကောက်ပွဲ နောက်ဆုံးအသုတ် မဲဆွယ်မှုများ ကျင်းပ

ဖိလစ်ပိုင်တွင် ရွေးကောက်ပွဲ နောက်ဆုံးအသုတ် မဲဆွယ်မှုများ ကျင်းပ

မနီလာ၊ မေ ၇ ။              ။ ဖိလစ်ပိုင်နိုင်ငံတွင် လာမည့်တနင်္လာနေ့ မေ ၉ ရက်တွင် ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ရာ မနီလာမြို့တော်အတွင်း နောက်ဆုံးမဲဆွယ်စည်းရုံးမှုများကို လုပ်ဆောင်လျက်ရှိသည်။

လက်ရှိ သမ္မတအဖြစ် ရှေ့ပြေးနေသူမှာ ပွင့်ပွင့်လင်းလင်းတဲ့တိုးသမားတစ်ဦးဖြစ်သည့် အသက် ၇၁ နှစ်အရွယ် မြို့တော်ဝန် ရိုဒရီဂိုဒက်တာတီဖြစ်သည်။

သို့သော်လည်း လက်ရှိသမ္မတ အကွီနိုကလည်း ဒက်တာတီ ရှုံးနိမ့်စေရေး အခြားကိုယ်စားလှယ်လောင်းများနှင့်အတူ ဦးဆောင်ယှဉ်ပြိုင်လျက်ရှိနေသည်။

မဲဆွယ်စည်းရုံးမှုက ဆူပူအကြမ်းမှုများဖြင့် ပွဲပျက်ခြင်းများရှိသည်။ နိုင်ငံတောင်ပိုင်းတွင် မေ ၉ ရက်က မြို့တော်ဝန်ကိုယ်စားလှယ်လောင်းတစ်ဦး အသတ်ခံရသည်။

ကိုယ်စားလှယ်လောင်း အာမန်ဒို၏ အိမ်အတွင်း သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ရဲက ပြောသည်။

မဲဆွယ်ပွဲများတွင် အသတ်ခံသေဆုံးသူပေါင်းက ၁၅ ဦးအထိ ရှိနေသည်။

ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံရေးအကြမ်းဖက်မှုများ ရေရှည်ဖြစ်နေမြဲဖြစ်ပြီး ရွေးကောက်ပွဲတိုင်းတွင် သတ်ဖြတ်ခြင်းများက ဒါဇင်ကျော်မနည်းရှိကြောင်း သတင်းထောက်များက ပြောသည်။

မေ ၉ ရက် မဲပေးပွဲတွင် ခြောက်နှစ်သက်တမ်း ထမ်းဆောင်ရမည့် သမ္မတသစ်အား ရွေးကောက်တင်မြှောက်မည်ဖြစ်သကဲ့သို့ ဒုတိယသမ္မတနှင့် ဥပဒေပြုအထက်လွှတ်တော်အမတ် ၁၂ ဦးနှင့် အခြားဒေသဆိုင်ရာတာဝန်ရှိသူများကိုလည်း ရွေးချယ်မည်ဖြစ်သည်။

ကျွန်းစု ၇၀၀၀ ရှိ ကျွန်းနိုင်ငံ ဖိလစ်ပိုင်တစ်နံတစ်လျား မဲပေးနိုင်သူပေါင်း ၅၄ သန်းကျော် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly