ဘာစီလိုနာနောက်ခံလူ မွန်တိုယာကို အင်တာမီလန် အငှားဖြင့် ခေါ်ယူ

ဘာစီလိုနာနောက်ခံလူ မွန်တိုယာကို အင်တာမီလန် အငှားဖြင့် ခေါ်ယူ

မီလန်၊ ဇူလိုင် ၄။ ။ အင်တာမီလန်အသင်းသည် ဘာစီလိုနာအသင်းမှ စပိန်နောက်ခံကစားသမား မာတင်မွန်တိုယာကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။ မွန်တိုယာ၏ ခြေစွမ်းအပေါ်မူတည်ပြီး ရာသီအဆုံးတွင် အပြီးသတ်ဝယ်ယူမည်၊ မဝယ်ယူမည်ကို အင်တာမီလန်က ဆုံးဖြတ်မည် ဖြစ်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ မွန်တိုယာသည် လာမာစီယာအကယ်ဒမီမှ ထွက်ပေါ်လာသူ ဖြစ်ပြီး ပြီးခဲ့သည့် လေးနှစ်အတွင်း ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၆၀ ကျော် ပါဝင်ကစားပေးထားသည်။ စပိန်လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရခြင်း မရှိသေးသော်လည်း သက်တမ်းအလိုက် စပိန်အသင်းတိုင်းတွင် အဓိက ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။

မွန်တိုယာသည် ဘာစီလိုနာအသင်းတွင် ဆက်နေပြီး ဥရောပပွဲစဉ်များ ကစားလိုသော်လည်း စီနီယာကစားသမား အဲလ်ဗက်စ်မှာ အသင်းတွင် ဆက်ရှိနေသည့်အတွက် အင်တာမီလန်သို့ ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မွန်တိုယာမှာ အင်တာမီလန်အသင်း၏ စတုတ္ထမြောက် ကစားသမား ခေါ်ယူမှုဖြစ်သည်။ အင်တာမီလန်အသင်းသည် ပြီးခဲ့သည့် ရာသီက စီးရီးအေတွင် အဆင့် ၈ သာ ရရှိခဲ့သည့်အတွက် အသင်းကို ပြန်လည် တည်ဆောက်လျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly