သရက်မျိုးခွဲခြင်းအစီအစဉ်ပါ၀င်သော မြန်မာ့ သရက်သီးပွဲတော်ကျင်းပမည်

သရက်မျိုးခွဲခြင်းအစီအစဉ်ပါ၀င်သော မြန်မာ့ သရက်သီးပွဲတော်ကျင်းပမည်

ရန်ကုန် ၊ မေ ၇ ။                   ။ တစ်နိုင်ငံလုံးရှိ သရက်မျိုးအများစုကို တစ်နေရာတည်းတွင် လေ့လာနိုင်မည့် မြန်မာ့သရက်ပွဲတော် ၂၀၁၆ ကို ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်ရှိ ရွှေပုဇွန် အအေးနှင့်ကိတ်မျိုးစုံ တွင်ကျင်းပသွားမည် ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်၊ တင်ပို့၊ ရောင်းချသူများအသင်းထံမှသိရသည်။

ယင်းပြပွဲကို မေ ၁၂၊၁၃၊၁၄ ရက်များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သရက်သီးပြိုင်ပွဲ၊ ရာသီဥတုအခြေအနေအလိုက် သရက်စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပွဲများပါ ဝင်မည့်အပြင် ယခုနှစ်အတွက် ထူးခြားသည့်အစီအစဉ်အဖြစ် တစ်ပြည်လုံးမှ ထွက်ရှိသောသရက်မျိုးအများစုကို မျိုးခွဲခြင်းအစီအစဉ်အား Winrock International မှ ပညာရှင်က လာရောက်ပံ့ပိုးပေးမည်   ဖြစ်ကြောင်းသိရသည်။

    '' မျိး တွေခွဲမှာ ဒီနှစ်ကတော့ ထူးထူးခြားခြားပဲ။ မျိုးခွဲမယ့်ပညာရှင်ကလည်းဆွေးနွေးပွဲမှာ ပရီဆန်တေးရှင်း ပြောပြ ပေးမှာ။ မျိုးခွဲလိုက်ရင် ဈေးကွက်အလားအလာဆိုတော့၊ သရက်သီးကဏ္ဍမှာ အရည်အသွေးကောင်း တဲ့အသီး တွေပေါ်လာမှာပေါ့။ အရင်တုန်းကတော့ လက်ရှိရှိတဲ့အသီး တွေကိုပဲသိတယ်။ နောက်ပိုင်း ကျရင်တော့ ဘယ်အ သီးကအရည်သွေးကောင်းတယ်ဆိုတာတွေကိုဒီမှာ သရက်စိုက်တောင်သူတွေ သိလာမယ်။ ဒီတစ်မျိုးတည်းမ ဟုတ်ပဲနဲ့ အမယ်မျိုးစုံ စိုက်လို့ရပါတယ်။ '' ဟု အဆိုပါအသင်းမှ စီမံကိန်းညှိုနှိုင်းရေးမှုး ဒေါ်ဇင်မာသန်းကပြော သည်။

အရည်အသွေးကောင်းသော သရက်မျိုးများအဖြစ် စိန်တစ်လုံး၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ မြကျောက်၊ ရင်ကွဲ တို့ကိုသတ်မှတ်ထားပြီး ပြည်ပတင်ပို့ရာတွင် တရုတ်နိုင်ငံ၊ ဟောင်ကောင်၊ စင်္ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်  နိုင်ငံများကိုတင်ပို့လျှက်ရှိပြီး ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ၊ အမေရိကန်နိုင်ငံများသို့ တင်ပို့နိုင်ရန်ဈေးကွက်အ လားအလာများရှိသော်လည်း ကျန်းမာသန့်ရှင်းသော သီးနှံဖြစ်ကြောင်းထောက်ခံချက်၊ စစ်ဆေးချက်များပြုလုပ် ပေးနိုင်ရန်လိုအပ်ချက်များရှိနေကြောင်းသိရသည်။

   ပြည်ပတင်ပို့မှုအဖြစ်နှစ်စဉ်တန်ချိန် လေးသောင်းခန့် တင်ပို့မှုရှိနေပြီး ၂၀၁၄-၁၅ ခုနှစ် စာရင်းဇယားများ အရသရက် သီးပြည်ပတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃.၅ သန်းရရှိခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly