ရတနာပုံအသင်းနှင့် ရန်ကုန်အသင်းတို့ပွဲစဉ်အား MRTV မှ တိုက်ရိုက်ပြသနိုင်ဖွယ်ရှိနေ

ရတနာပုံအသင်းနှင့် ရန်ကုန်အသင်းတို့ပွဲစဉ်အား MRTV မှ တိုက်ရိုက်ပြသနိုင်ဖွယ်ရှိနေ
၂၀၁၄ တွင် ရန်ကုန်နှင့် ရတနာပုံ တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - MFF)

ဇူလိုင် ၃၊ ရန်ကုန်။    ။ လာမည့် ဇွန် ၅ ရက် မန္တလေးမြို့၊ ဗထူးကွင်းတွင် ယှဉ်ပြိုင်ကစားမည့် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၁ ပွဲစဉ်တစ်ပွဲ ဖြစ်သော ရတနာပုံအက်ဖ်စီအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ပွဲစဉ်အား MRTV Entertainment ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပြသဖွယ်ရှိနေသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ရတနာပုံအသင်းနှင့် ရန်ကုန်အသင်းတို့ပွဲစဉ်အား တိုက်ရိုက်ပြသနိုင်ရန် မြန်မာ့အသံ နှင့် ရုပ်မြင့်သံကြား MRTV သို့ စာတင်ထားသည်။

' ဘောလုံးအဖွဲ့ချုပ်က ပြချင်တယ်ဆိုပြီး တင်ပြထားတယ်။ ဒါကြောင့် ကျွန်တော်တို့ ဝန်ကြီးရုံးကို တင်ပြထားပါတယ်။ ခွင့်ပြုချက် ရရင် ပြမယ်။ ပြဖြစ်ရင် MRTV enternatiment channel ပြဖို့ များတယ်။ ဒါပေမယ့် မသေချာသေးပါဘူး' မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်က မဇ္ဈိမသို့ ပြောသည်။

မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ ပွဲစဉ် တစ်ချို့ကို MRTV-4 Forever Group မှ ၎င်းတို့၏ ဆက်စပ် ရုပ်သံလိုင်းများမှ တိုက်ရိုက်ပြသခဲ့သော်လည်း လက်ရှိအချိန်တွင် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတွင် ထုတ်လွှင့်ရန် ဘောလုံးအဖွဲ့ချုပ်မှ ကြိုးပမ်းနေခြင်းဖြစ်သည်။

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံး ပြိုင်ပွဲ ပွဲစဉ်များကို ဘောလုံးပရိသတ်အများစုမှ အခမဲ့ ရုပ်သံလိုင်းများ တွင် ပြသနိုင်ရန် လိုလားလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly