“ ငြိမ်းချမ်းရေးအပါအဝင် အမျိုးသမီးတို့အတွက် ဆွီဒင် ကူမယ် “

“ ငြိမ်းချမ်းရေးအပါအဝင် အမျိုးသမီးတို့အတွက် ဆွီဒင် ကူမယ် “
 ဆွီဒင်နိုင်ငံ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး အစ်စဘဲလားလိုဗင် (Isabella Lövin) ဓာတ်ပုံ-ဟောင်ဆာ

(ဆွီဒင်နိုင်ငံ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် အသေးစိတ်တွေ့ဆုံ မေးမြန်းချက်)

ဆွီဒင်နိုင်ငံ၏ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး အစ်စဘဲလားလိုဗင် (Isabella Lövin) က မြန်မာနိုင်ငံအတွက်  ငြိမ်းချမ်းရေးအပါအဝင် အမျိုးသမီးများအရေးကို ကူညီသွားမည်ဟု မဇ္ဈိမနှင့် အသေးစိတ် မေးမြန်းမှုတွင် ပြောသွားသည်။

ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး အစ်စဘဲလားလိုဗင် (Isabella Lövin) နှင့် မဇ္ဈိမအယ်ဒီတာချုပ်နှင့် မန်နေဂျင်းဒါရိုက်တာ ဦးစိုးမြင့်တို့ တွေ့ဆုံမေးမြန်းမှုကို သံမှူးကြီးနှင့် သံရုံးတာဝန်ခံ ဂျိုဟန်ဟယ်လင် ဘော့သ် (Johan Hellenborh) ကလည်း ကူညီဖြေကြားပေးခဲ့သည်။

မေး။ ဆွီဒင်မြန်မာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေနဲ့ စလိုက်ချင်ပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံကဖွံ့ဖြိုးရေးလုပ် ငန်းတွေနဲ့ပတ်သက်ရင် ဆွီဒင်ရဲ့ ဦးစားပေး လုပ်ငန်းတွေက ဘာတွေပါလဲခင်ဗျာ။

ဖြေ။ ဆွီဒင်က မြန်မာနိုင်ငံကို နည်းလမ်းပေါင်းစုံနဲ့ ကူညီထောက်ပံ့ ပေးနေပါတယ်။ ဖွံ့ဖြိုးရေး လုပ်ငန်းနဲ့ပတ် သက်ရင် နယ်ပယ် ၃ ခုကို အာရုံစိုက် လုပ်ကိုင်နေပါတယ်။ ပထမ တခုက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ၊ ဒုတိ ယတခုက ကျန်းမာရေး အဲဒီမှာ အထူးသဖြင့် အမျိုးသမီး ကျန်းမာရေးနဲ့ မျိုးဆက်ပွါးကျန်းမာရေးလုပ်ငန်း နဲ့ နောက်တခုက ငြိမ်းချမ်းမှု တည်ဆောက်ရေး လုပ်ငန်းမှာပါ။ ဒီမှာလဲ အမျိုးသမီးများ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ စေ့ စပ်ညှိနှိုင်းရေး လုပ်ငန်းများမှာ ပါဝင်နိုင်ဖို့ ကူညီထောက်ပံ့ရေးတွေ ပါဝင်ပါတယ်။ ဆွီဒင်နိုင်ငံရဲ့ အသားပေးလုပ် ဆောင်တဲ့ လုပ်ငန်းတွေမှာ အမျိုးသမီးတွေကို အဓိကထားပါတယ်။ အမျိုးသမီးတွေ ကိုယ်တိုင်ပါဝင်တဲ့ ငြိမ်းချမ်းရေး စာချုပ်နဲ့ဆွေးနွေးညှိနှိုင်းမှုတွေဟာ သူတို့မပါတဲ့ ငြိမ်းချမ်းရေးနဲ့ နှိုင်းယှဉ်ရင်ပိုပြီး ခိုင်မာတည်တံ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ကျမကိန်းဂဏန်း အတိအကျကိုတော့ မေ့သွားပြီ။ ဒါပေမဲ့ အမျိုးသမီးတွေ ကိုယ်တိုင်ငြိမ်းချမ်းရေးစေ့စပ်ဆွေး နွေးမှုစားပွဲမှာထိုင်ပြီး လုပ်ဆောင်ထားတာ မဟုတ်ရင် ပဋိပက္ခပြန်ဖြစ်ဘို့ အခွင့်အလမ်းသိပ်များ ပါတယ်။ ဒါ ကြောင့်ဆွီဒင်နိုင်ငံဟာ လူထု အခြေပြုအဖွဲ့အစည်းတွေ၊ အမျိုးသမီးတွေနဲ့ အခြားအဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး ဖြစ်စဉ်မှာပိုမိုပါဝင်နိုင်အောင် ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေပါတယ်။ မြန်မာနိုင်ငံမှာ ဒီဖြစ် စဉ်ဟာ အဆုံးမသတ်သေးပေမဲ့ အများကြီးတိုးတက်မှုရှိလာနေပြီ။ အစိုးရသစ်ကလဲ ဒီကိစ္စအတွက် အစီအစဉ် သစ်နဲ့မဟာဗျူဟာအသစ်တွေ ချမှတ်နေပါတယ်။ ဒီတော့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ နောက်ထပ်တိုးတက်မှုတွေ အများကြီးရှိလာမှာပါ။ ဆွီဒင်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုက နောက်နှစ်မှာ အဆုံးသတ်မဲ့ မဟာဗျူဟာပေါ် အခြေခံထားပါတယ်။ အခုကျမဒီကိုလာတာ ဒီအစီအစဉ်ကို လေ့လာအကဲဖြတ်ဘို့ဖြစ်ပြီး နောက်ထပ်ပူး ပေါင်းဆောင်ရွက်မှုတွေအတွက်လည်း အစိုးရနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။

မေး။ ဆွီဒင်နိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကိုဆယ်စုနှစ်ပေါင်းများစွာအားတက်သရော ထောက်ခံ ကူညီခဲ့တဲ့နိုင်ငံလို့ ကျနော်သိထားပါတယ်။ အဲဒီအချိန်ကခင်ဗျား တိုင်းပြည်အပြင်မှာ ဒါမှမဟုတ် နယ်စပ်မှာ ရှိနေပါတယ်။ အခုဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရသစ်နဲ့ ဘယ်လိုပူးပေါင်း ဆောင်ရွက်မှုတွေလုပ်သွားဘို့ရှိ ပါသလဲ။

ဖြေ။ မြန်မာပြည်မှာပေါ်ပေါက်နေတဲ့ဒီမိုကရေစီဖွံ့ဖြိုးမှုလုပ်ငန်းတွေကို ကျမတို့ အားပေးရမယ်၊ ဒါဟာ သိပ်ကို အရေးကြီးတယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံက အကူအညီ လိုအပ်နေတာတခြားလဲ အများကြီးရှိပါ သေးတယ်။ နိုင်ငံရေးအပါအဝင် စီးပွါးရေးဖွံ့ဖြိုးမှု၊ တရားဥပဒေစိုးမိုးမှု၊ အင်စတီကျူးရှင်းများ တည်ဆောက် ရေး၊ နောက်ပြီး ဘယ်သူတယောက်ကိုမှဘေးဖယ်ချန်မထားခဲ့တဲ့ ကြံ့ကြံ့ခံနိုင်တဲ့ လူ့အဖွဲ့အစည်းကိုတည် ဆောက်ဖို့ဆိုရင် ဝန်ဆောင်မှုပေးရေးလုပ်ငန်းတွေဟာ တကယ့်ကို အခြေခံကျတယ်။ ဒီကိစ္စမှာဆွီဒင်နိုင်ငံ ဟာ သိပ်ကိုအတွေ့အကြုံများပါတယ်။ ကျမတို့နိုင်ငံကိုလူမှုဘ၀ ဖူလုံသာယာဝပြောတဲ့နိုင်ငံ (welfare state) တည်ဆောက်ခဲ့တဲ့ အတွေ့အကြုံတွေရှိပါတယ်။ ကျမတို့နိုင်ငံကိုဥရောပမှာအဆင်းရဲဆုံးနိုင်ငံဘဝကနေ အချမ်းသာဆုံးနိုင်ငံ တနိုင်ငံဖြစ်အောင်အကြာကြီးလုပ်ခဲ့ရတာ။ အမျိုးသမီးတွေရဲ့ပါဝင်ဆောင်ရွက်မှုနဲ့ စီးပွါးရေးစန်းထအောင် လုပ်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ကျမတို့အစိုးရဟာ ဣတ္ထိယ ဝါဒီအစိုးရ ဖြစ်ပါတယ်။ ကျမတို့အစိုးရမှာ အမျိုးသမီး ၅၀%၊ လွှတ်တော်မှာအမျိုးသမီး ၅၀% ပါပါတယ်။ ဒါတွေကိုရဘို့ အလွန်တက်ကြွတဲ့ အလုပ်သမားသမဂ္ဂတွေနဲ့လုပ်ခဲ့တာပါ။ ဆွီဒင်နိုင်ငံရဲ့ ပုံစံကတော့ ဆုံးဖြတ်ချက်ချမှတ် တိုင်းတယောက်မကျန်ပါဝင်နိုင်အောင်လုပ်တာပါ။ ဝန်ဆောင်မှုပေးအပ်ရေးလုပ်ငန်းတွေဟာသိပ်ကိုအ ရေးပါပါတယ်။ ဒါမှစီးပွါးရေးဖွံ့ဖြိုးဟာ ရေပေါ်ဆီလက်တဆုပ်စာအတွက်ဘဲဖြစ်မနေဘဲ အများစုကြီး ကိုနောက်မှာချန်မထားခဲ့မှာဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလို့ပြောရင် အဆင်းရဲဆုံးလူတွေအတွက်လဲပါရမယ်။ လူ့အခွင့်အရေးဖြစ်ဖြစ်၊ ပညာရေးဖြစ်ဖြစ်၊ ဘယ်လိုဖွံ့ဖြိုးမှုဘဲဖြစ်ဖြစ် သူတို့အတွက်ပါရမယ်။

မေး။ ခင်ဗျားတို့အစိုးရက ဣတ္ထိယဝါဒီအစိုးရ။ မြန်မာအစိုးရအဖွဲ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် အမျိုးသမီးပါဝင်မှု နည်းတယ်။ မြန်မာအစိုးရသစ်ကို ဘာများပြောချင်ပါသလဲခင်ဗျ။

ဖြေ။ ကျမတို့အစိုးရကဣတ္ထိယဝါဒီအစိုးရ၊ ဣတ္ထိယနိုင်ငံခြားရေးဝါဒကိုကျင့်သုံးတဲ့အစိုးရဆိုတော့ ဒီကိစ္စကို ထည့်သွင်းဆွေးနွေးသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ အမျိုးသမီးဝန်ကြီး တယောက်မှမပါတာလဲ ကျမစိတ်ဝင်တစားလေ့လာနေပါတယ်။ ဒီအချိန်ဒီကာလမှာ အစိုးရသစ်တရပ် ဖွဲ့စည်းရတာ မြန်မာနိုင်ငံအ တွက်အလွန်နူးညံ့သိမ်မွေ့တဲ့ဖြစ်စဉ်တရပ်ဖြစ်တယ်ဆိုတာလဲ ကျမနားလည်ထားပါတယ်။ ဒီတော့ဒီအစိုးရ အပေါ်ဘာမှသဘောထားမှတ်ချက်ပေးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အစိုးရတရပ်မှာတိုင်းရင်းသားလူမျိုစုံပါဝင် ဘို့ နိုင်ငံရေးနောက်ခံ အမျိုးမျိုးကလာတဲ့သူတွေ ပါဝင်ဘို့ဟာလဲအရေးပါတယ်ဆိုတာဆွေးနွေးအကြံပြုသွားပါ မယ်။ ဒါတင်မက ကျားမတန်းတူရေးလဲ ရှိရပါမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly