ဒါန-ရှေ့ဆောင် မြန်မာမှ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအပြီးသတ် အစီရင်ခံစာထုတ်ပြန်

ဒါန-ရှေ့ဆောင် မြန်မာမှ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအပြီးသတ် အစီရင်ခံစာထုတ်ပြန်
ဓာတ်ပုံ-ဂျာဆိုင်းပန်

 ရန်ကုန် ၊မေ ၄ ။               ။  ဒါန-ရှေ့ဆောင် မြန်မာ အဖွဲ့အစည်းမှ၂၀၁၅အထွေထွေ ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲနေ့ နှင့် ရွေးကောက်ပွဲအပြီးတွင် လေ့လာစောင့်ကြည့်မှုများနှင့် ပတ်သက်၍ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

 ယင်းအစီအရင်ခံစာထုတ်ပြန်သည့်အခမ်းအနားကို မေ ၄ရက်နေ့တွင် Summit Park View Hotel တွင်ကျင်းပခဲ့ပါသည်။

 အချို့သောဒေသများ၌ မဲရုံကျဉ်းမြောင်းသောကြောင့် စောင့်ကြည့်လေ့လာသူများ အနေဖြင့် နေရာထိုင်ခင်းအခက်ခဲဖြစ်ခဲ့ပြီး မဲရုံအပြင်ဘက်မှ သာစောင့်ကြည့်ခဲ့ရခြင်း၊ အချို့သောမဲရုံမှူးများ ၏ အထင်လွဲမှားမှုကြောင့် စောင့်ကြည့်လေ့လာခွင့်မရရှိခဲ့ခြင်းစသည့် အခက်ခဲများနှင့် ကြုံတွေ့ခဲ့ရကြောင်းကို ဒါန-ရှေ့ဆောင်မှ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးချမ်းငြိမ်းအောင်က ရှင်းလင်းပြောကြားသည်။

 “နောက်ပိုင်းမှာလည်း ရွေးကောက်ပွဲ စောင့်ကြည့်တဲ့အပိုင်းနှင့် အခြားအလုပ်တွေအများကြီး ဆက်လက်လုပ်ဆောင် ဖို့ရှိပါတယ် ” ဟုဒါန-ရှေ့ဆောင် ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ် ဦးချမ်းငြိမ်းအောင် ကပြောသည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသော အရပ်ဘက်အဖွဲ့အစည်းမှရရှိလာသော အစီရင်ခံစာများမှ တဆင့် ပြန်လည်လေ့လာသုံးသပ်ပြီးနောင်လာမည့် ရွေးကောက်ပွဲများတွင် ပိုမိုကောင်းမွန်သော   ရွေးကောက်ပွဲဖြစ်လာရန်ကြိုးစား လုပ်ဆောင်သွားမည်ဟု အဆိုပါအခမ်းအနားသို့တက်ရောက်ခဲ့သည့် ရန်ကုန်တိုင်း တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဦးရဲမြင့် လည်း ပြောသည်။

“အရင်တုန်းကဒီစောင့်ကြည့်လေ့လာမှု(Observer) ဆိုတာCSOတွေ လုပ်လို့မရခဲ့ဘူး။ သံတမန်တွေပဲ လေ့လာခွင့် ပေးခဲ့တယ်။ ဒီ၂၀၁၅မှာမှ CSOတွေ ကိုခွင့်ပြုပေးခဲ့ တာဖြစ်တယ်။  ဒီ၂၀၁၅ရွေးကောက်ပွဲဟာ အရင်ရွေးကောက်ပွဲတွေ အားလုံးထက်သာလွန်ပါတယ်။” ဟုတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဦးရဲမြင့် ကဆိုသည်။

ဒါနရှေ့ဆောင်မြန်မာသည် ၂၀၀၅ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ခုနှစ်မှစတင်၍ ယနေ့တိုင်အောင် အမျိုးသမီးများ၊ လူငယ်များနှင့် တိုင်းရင်းသားလူငယ် များအတွက် စွမ်းဆောင်ရည် မြင့်တင်ရေးသင်တန်းများ၊ နိုင်ငံရေးပါတီများ အတွက် သင်တန်းများ ဖိုရမ်များ၊ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် နိုင်ငံတကာစေတနာ့ ဝန်ထမ်းဆိုင်ရာ ဝန်ဆောင်မှုအစီအစဉ် များကို လုပ်ဆောင်လျက်ရှိပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly