ထိုင်းနိုင်ငံတွင် မုန်တိုင်းတိုက်ခိုက်၍ အိမ်ခြေရာပေါင်းများစွာ ပျက်စီး

ထိုင်းနိုင်ငံတွင် မုန်တိုင်းတိုက်ခိုက်၍ အိမ်ခြေရာပေါင်းများစွာ ပျက်စီး

ဘန်ကောက်၊ မေ ၄ ။               ။ မေ ၃ ရက် ညက ထိုင်းနိုင်ငံတွင် မြောက်ဘက်ပိုင်း၌ မုန်တိုင်းအားပြင်းစွာ ဝင်ရောက်ပြီး အထက်ပိုင်းဒေသများရှိ ပြည်နယ်အများစုသို့လည်း မုန်တိုင်း ကျရောက်ခဲ့ခြင်းကြောင့်  အိမ်ခြေရာပေါင်းများစွာ ပျက်စီးပြီး မေ ၅ ရက်နှင့် ၆ ရက်တို့တွင် မုန်တိုင်းများ ထပ်မံဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးသည်။

ဆူခိုထိုင်းပြည်နယ် စီဆက်ချန်နာလိုင်းခရိုင်တွင် ပျက်စီးဆုံးရှုံးမှု အကြီးဆုံးဖြစ်ပြီး အိမ်ခြေပေါင်း ၂၀၀ ကျော်ထက်မနည်း ခေါင်မိုးများ လန်ခြင်း၊ အခြားပျက်စီးခြင်းများ ဖြစ်ခြင်းတို့ ကြုံတွေ့ခဲ့သည်။

လမ်ပန်ပြည်နယ်တွင် အိမ်ခြေ ၁၅၀ နီးပါး ပျက်စီးကာ ဆော့ပရတ်ခရိုင်တွင် ဓာတ်တိုင်များ ပြိုလဲသည်။ မီးတိုင်များ ပြင်ဆင်မပြီးမချင်း ကျေးရွာပေါင်းများစွာ လျှပ်စစ်မီး မရရှိမှုကို ဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည်။

နန်းပြည်နယ်တွင် အိမ်ခြေ ၁၀၀ ဝန်းကျင် ပျက်စီးကာ မောင်နန်းခရိုင်တွင် စာသင်ကျောင်းတစ်ကျောင်း ပျက်စီးသည်။ နာမူအန်းခရိုင်တွင်လည်း မုန်တိုင်းကြောင့် အိမ်များ ပျက်စီးရသည်။

တက်ပြည်နယ် ဝန်ချိုင်ခရိုင်တွင် အိမ်ခြေ ၄၀ နီးပါး ပျက်စီးသည်။

တောင်တရုတ်ပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့မှ အရှေ့တောင်လေများ နိုင်ငံတွင်း ဝင်ရောက်လာ၍ စိုးထိုင်းစများဖြစ်ပေါ်ရာ ထိုင်းနိုင်ငံအထက်ပိုင်းတွင် မေ ၅ ရက်နှင့် ၆ ရက်တို့၌ မုန်တိုင်းများ ကျရောက်လာနိုင်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly