ဟံသာဝတီအသင်း ဆီဗာဂျီကို ပြန်လည်ခေါ်ယူမည့် အစီအစဉ် ပျက်ပြယ်

ဟံသာဝတီအသင်း ဆီဗာဂျီကို ပြန်လည်ခေါ်ယူမည့် အစီအစဉ် ပျက်ပြယ်
ဟံသာဝတီအသင်းနှင့် ဆွေးနွေးမှုပျက်ပြယ်ခဲ့သည့် နည်းပြ ဆီဗာဂျီ။

ဇူလိုင် ၃၊ ရန်ကုန်။         ။ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဟံသာဝတီယူနိုက်တက်အသင်းသည် လူငယ်စီမံကိန်းများအတွက် နည်းပြဟောင်း ဆီဗာဂျီကိုပြန်လည်ခေါ်ယူရန် ညှိုနှိုင်းမှုပြုလုပ်ခဲ့သော်လည်း လစာအဆင်မပြေသဖြင့် ပျက်ပြယ် ခဲ့ပြီဖြစ်သည်။

စင်ကာပူလူမျိုးနည်းပြ ဆီဗာဂျီမှာ ဟံသာဝတီယူနိုက်တက်အသင်းကို ၂၀၁၀ခုနှစ်တွင် ရှုံးထွက်ဖလားရရှိရန် စွမ်းဆောင်ပေးနိုင် ခဲ့ပြီး ၂၀၁၀ နှင့် ၂၀၁၁ နှစ်ရာသီနည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သည်။ “ကျွန်တော်တို့ အိမ်ကွင်းလုပ်ဖြစ်ခဲ့ရင် လူငယ် စီမံကိန်းအတွက် ဆီဗာဂျီကို တာဝန်ပေးဖို့ ဆက်သွယ်ခဲ့တာပါ။ ဒါပေမယ့် သူတောင်းတဲ့လစာကို ကျွန်တော်တို့မပေးနိုင်ဘူး။

ဒါကြောင့် သူ့ကိုပြန်ခေါ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ နောက်ထပ် နိုင်ငံခြားသားနည်းပြခေါ်ဖို့ စီစဉ်ဖြစ်ဦးမလားဆိုတာကတော့ အသင်းဘုတ်အဖွဲ့ကအဓိက ဆုံးဖြတ်ပါလိမ့်မယ်။” ဟု ဦးထွန်းထွန်းလင်းကပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် ပဲခူးမြို့ရှိ တိုင်းအားကစားကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုရန် ပြင်ဆင်မှုများပြုလုပ်နေပြီး လာမည့်နှစ်ဘောလုံးရာသီတွင် စတင်အသုံးပြုရန် လျာထားသည်။ လက်ရှိအချိန်တွင် ဟံသာဝတီအသင်းမှာ ရန်ကုန်မြို့တွင် အခြေစိုက်လေ့ကျင့်နေပြီး ဘောလုံးဝါသနာပါသော လူငယ်များကို အခမဲ့ဘောလုံးပညာများသင်ကြားပေးနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly