၂၀၂၀ ခုနှစ်အထိ ပြန်လည်ပေါင်းစည်းနိုင်ဖွယ်မရှိတဲ့ One Direction အဖွဲ့

၂၀၂၀ ခုနှစ်အထိ ပြန်လည်ပေါင်းစည်းနိုင်ဖွယ်မရှိတဲ့ One Direction အဖွဲ့

လော့စ်အိန်ဂျလိစ်၊ မေ ၃ ။        ။ One Direction အဖွဲ့သည် တစ်နှစ်အတွင်း ပြန်လည်ပေါင်းစည်းသွားမည်ဟု ပြောကြားခဲ့သော် လည်း ယခုအခါ ၂၀၂၀ ခုနှစ်အထိ ပေါင်းစည်းသွားမည် မဟုတ်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်း က ပရိတ်သတ်များအတွက် ဝမ်းနည်းဖွယ်သတင်းဆိုး ဖြစ်နေသည်။

ဟယ်ရီစတိုင်လ်၊ Liam Payne ၊ လူးဝစ်တွမ်လင်ဆန်နှင့် နီအဲလ်ဟိုရန်တို့သည် ဂီတလုပ်ငန်း ကို တစ်ကိုယ်တော် လုပ်ကိုင်နေခြင်းကြောင့် အဖွဲ့ကို ပြန်လည်ပေါင်းစည်းလုပ်ဆောင်ရန် အစီစဉ်မရှိကြောင်း Daily Star သတင်းစာတွင် ဖော်ပြထားသည်။

“One Direction အဖွဲ့ဟာ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်း ပြန်လည်ပေါင်းစည်းသွားမှာ မဟုတ်ပါဘူး။ ပရိတ်သတ်တွေဟာ ၁၂ လအတွင်း သူတို့အဖွဲ့ ပြန်လည်ပေါင်းစည်းမယ်လို့ မျှော်လင့် ထားတယ်။ ဒါပေမဲ့ သူတို့အဖွဲ့ ပေါင်းစည်းဖို့ဆိုတာကတော့ အလှမ်းဝေနေပါတယ်။ အဖွဲ့ဝင်တွေဟာ ပြန်ပေါင်းစည်းဖို့ အစီအစဉ်မရှိဘူးဖြစ်နေတယ်။ သူတို့လေးဦးလုံးဟာ တစ်ကိုယ်တော်အနုပညာရှင် အဖြစ်ရပ်တည် တာကို ကြိုက်နှစ်သက်နေကြတယ်” ဟု သတင်းအရင်းအမြစ်က Daily Star သတင်း စာကို ပြောကြားထားသည်။

ဟယ်ရီသည် တေးဂီတနှင့် ရုပ်ရှင်ပိုင်းတွင် နာမည်ကြီး အနုပညာရှင်တစ်ယောက်ဖြစ်ရန် အစီ စဉ်ရှိကြောင်း အခြားသော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဟယ်ရီ၏ အမေရိကန်မန်နေဂျာ ဂျက်ဖရီအေဇော့်ဖ်က အသက် ၂၂ နှစ်အရွယ်ရှိ ဟယ်ရီသည် တစ်ကိုယ်တော်တေးအယ်လ်ဘမ် ထွက်ရှိရန် လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

“ဟယ်ရီဟာ ဂျက်ဖရီနဲ့ စာချုပ်ချုပ်ဆိုထားတယ်။ သူတို့နှစ်ဦးဟာ တေးဂီတနဲ့ ရုပ်ရှင်ဘက်တွေ မှာပါ လုပ်ဆောင်ဖို့ အစီစဉ်တွေကို လုပ်ဆောင်နေတယ်။ ဂျက်ဖရီဟာ ဟယ်ရီကို နာမည်ကျော် တစ်ယောက်ဖြစ်လာအောင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတယ်။ ဘာကြောင့်လဲဆိုတော့ သူက ဟယ်ရီဟာ ဂျက်စတင်တင်ဘားလိတ်ခ် လက်သစ်ဖြစ်ဖို့ အရည်အချင်းရှိတဲ့ သူတစ်ယောက်လို့ ယူဆထားတယ်။ ဟယ်ရီအတွက် သုံးနှစ်ထက်မနည်း အချိန်ယူသွားမှာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly