ကိုနိုပလိုင်ယန်ကာကိုခေါ်ရန် ဆီဗီလာအသင်း သဘောတူညီမှုရ

ကိုနိုပလိုင်ယန်ကာကိုခေါ်ရန် ဆီဗီလာအသင်း သဘောတူညီမှုရ

ဇူလိုင် ၃၊ ဆီဗီးလ် ။       ။ ဒီနီပရိုအသင်းမှ ယူကရိန်းလက်ရွေးစင်ကိုနိုပလိုင်ယန်ကာကိုခေါ်ယူရန် ကစားသမားဖြစ်သူနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပြီဟု ဆီဗီလာအသင်းက အတည်ပြုလိုက်သည်။

သို့ဖြစ်ရာဆီဗီလာအနေဖြင့် ကစားသမားကို ဆေးစစ်ခြင်းနှင့်စာချုပ်ခြင်းပြုလုပ်နိုင်ရန် ဒီနီပရိုအသင်းနှင့်သဘောတူညီမှုရရန်သာ လိုအပ်တော့ သည်။

အသက် ၂၅ နှစ်အရွယ်ရှိ ကိုနိုပလိုင်ယန်ကာသည် ဒီနီပရိုအသင်းတွင်ခြေစွမ်းပြပြီး ယမန်နှစ်ယူရိုပါလိဂ်ဖိုင်နယ်သို့ တက်ရောက် ခဲ့ကာ ဗိုလ်လု ပွဲတွင် ဆီဗီလာအသင်းကို ၃-၂ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။

"ဆီဗီလာဟာ ကစားသမားဖြစ်သူနဲ့ သဘောတူညီမှုရခဲ့ပြီဖြစ်ပြီး ဆေးစစ်ဖို့၊ စာချုပ်ချုပ်ဖို့ကတော့ ဒီနီပရိုအသင်းနဲ့ ဆက်ဆွေးနွေး ရပါဦးမယ်" ဟု ဆီဗီလာအသင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

ယူကရိန်းလက်ရွေးစင် ကိုနိုပလိုင်ယန်ကာသည် ယူကရိန်းလိဂ်တတိယ ဒီနီပရိုအသင်းအတွက် ရှစ်ဂိုးသွင်းနိုင်ခဲ့ပြီး အက်သလက် တီကို၊ အာဆင်နယ်တို့၏ အလွန်အမင်းစိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်သည်။

ဆီဗီလာသို့ပြောင်းဖြစ်ခဲ့ပါက လူငယ်ကစားသမားဘဝ ၂၀၀၆ ကတည်းက ကိုးနှစ်ကြာကစားလာသည့် ဒီနီပရိုအသင်းကို စွန့်ခွာရ မည်ဖြစ် သည်။ ၎င်းသည် အဒီရာမီ၊ ခရွန်ဒယ်လီ၊ ကာကူတာတို့ပြီးနောက် ဆီဗီလာက ခေါ်ယူသည့် လေးယောက်မြောက် ကစား သမားဖြစ်လာမည် ဖြစ်သည်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly