ဖိလစ်ပိုင်ကို စစ်သုံးလေယာဉ်များ ငှားရမ်းရန် ဂျပန် သဘောတူ

ဖိလစ်ပိုင်ကို စစ်သုံးလေယာဉ်များ ငှားရမ်းရန် ဂျပန် သဘောတူ

တိုကျို၊ မေ၊ ၃ ။               ။ ဂျပန်နိုင်ငံသည် ယခင်က၎င်းနှင့်ရန်ဘက်ဖြစ်ခဲ့ဖူးသော ဖိလစ်ပိုင်နိုင်ငံသို့ စစ်ဘက်သုံးလေယာဉ်များ ငှားရမ်းရန် တနင်္လာ နေ့က သဘောတူလိုက်သည်။

ယခုသဘောတူညီချက်သည် ဒေသတွင်းတွင်တရုတ်နိုင်ငံ၏လွှမ်းမိုးမှုကိုတန်ပြန်ရန်အတွက် နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည့်   နောက်ထပ်လက္ခဏာတစ်ခုလည်း   ဖြစ်လာခဲ့သည်။

တနင်္လာနေ့နေ့လယ်က ဂျပန်နှင့်ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးတို့ တယ်လီဖုန်းဖြင့်ဆွေးနွေးပြီးနောက်တွင် ယခုကဲ့သို့ ဂျပန်က ဖိလစ်ပိုင်သို့ စစ်သုံးလေယာဉ်များငှားရမ်းရန် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်းတွင် တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်း၌ ကျွန်းတုများတည်ဆောက်လာခြင်း အပါအဝင်အငြင်းပွားဖွယ်လုပ်ဆောင်မှုများ လုပ်ဆောင်ခဲ့ပြီးနောက်တွင်   ဒေသတွင်း၌ တင်းမာမှုများမြင့်တက်လာခဲ့သည်။

ဂျပန်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံသို့ TC-90 လေ့ကျင့်ရေးလေယာဉ် ၅ စီး ငှားရမ်းသွားမည်ဖြစ်ပြီး လေယာဉ်မှူးများနှင့် လေယာဉ်စက်ပြင်ကျွမ်းကျင်ပညာရှင်များ လေ့ကျင့်ရေးတို့တွင်လည်းကူညီသွားမည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

ယခုလေယာဉ်ငှားရမ်းမှုသည် ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏ လက်နက်တင်ပို့မှုအပေါ်ကိုယ်တိုင်ပိတ်ပင်ထားမှုကို ရုတ်သိမ်း လိုက်ပြီး နောက်ပိုင်း ပြည်ပနိုင်ငံတစ်ခုသို့ ပထမဆုံးအကြိမ်အဖြစ် စစ်သုံးလေယာဉ်ငှားရမ်းမှု ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly