လက်မှတ်ရောင်းချရမှုတွင် သုံးပတ်ဆက်တိုက် ဦးဆောင်နေတဲ့ “The Jungel Book” ရုပ်ရှင်ကား

လက်မှတ်ရောင်းချရမှုတွင် သုံးပတ်ဆက်တိုက် ဦးဆောင်နေတဲ့ “The Jungel Book” ရုပ်ရှင်ကား

လော့စ်အိန်ဂျလိစ်၊  မေ ၂ ။           ။ “The Jungle Book” ရုပ်ရှင်ကားသည် ရုံတင်ပြသငွေ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၄ သန်းရရှိကာ လက်မှတ်ရောင်းချရမှုတွင် သုံးပတ်ဆက်တိုက် ဦးဆောင်နေသည်။

စာရေးဆရာ ရက်ဒ်ယော့ဒ်ကစ်လင်း၏ “Mowgli” ဝတ္ထူကို ပြန်လည်ပြင်ဆင် ရိုက်ကူးထား သော Disney ကုမ္ပဏီ၏ ယင်းရုပ်ရှင်ကားသည် ပြီးခဲ့သည့်လက ဖွင့်လှစ်ပြသခဲ့သည့် အချိန်မှစ၍ အမေရိကန်ဒေါ်လာ ၂၅၂ ဒသမ ၁ သန်း ရရှိခဲ့သည်။

ယင်းရုပ်ရှင်ကားသည် “Deadpool”  ၊ “Batman V Superman: Daw of Justice” နှင့် “Zootopia” ရုပ်ရှင်ကားတို့ကဲ့သို့  ပြည်တွင်းတွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရရှိမည့် ယခုနှစ်၏ စတုတ္ထမြောက် ရုပ်ရှင်ကားဖြစ်လာရန် ရှိသည်။

“Keanu” ရုပ်ရှင်ကားသည် ရုပ်ရှင်ရုံပေါင်း ၂၆၅၈ ရုံတွင် ပြသခဲ့ရာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၃ သန်းဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။ အချစ်ဇာတ်မြူး ရုပ်ရှင်ကား “Mother’s Day” သည် ရုပ်ရှင်ရုံပေါင်း  ၃၀၃၅ ရုံတွင် ပြသခဲ့ရာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ သန်း ရရှိခဲ့ပြီး စတုတ္ထနေရာတွင် ရပ်တည်နေသည်။

ဒုတိယသီတင်းပတ်က Universal ရုပ်ရှင်ထုတ်လုပ်ရေး၏ “The Huntsman: Winter’s War” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၄ သန်းဖြင့် ဒုတိယနေရာသို့ ရောက်ရှိခဲ့သည်။

“Barbershop:The Next Cut” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ သန်း ရရှိခဲ့ပြီး ထိပ်တန်းငါးနေရာတွင် ပါဝင်ခဲ့ကြောင်းနှင့် “ Warner Bros and MGM” ဟာသရုပ်ရှင်ကားသည် ပြည်တွင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၇ သန်း ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly