အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်၏စစ်ရေးလှုပ်ရှားမှုများကြောင့် ရေငုပ်သင်္ဘောကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယနှင့် အမေရိကန် ဆွေးနွေး

အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်၏စစ်ရေးလှုပ်ရှားမှုများကြောင့် ရေငုပ်သင်္ဘောကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယနှင့် အမေရိကန် ဆွေးနွေး

နယူးဒေလီ၊ မေ၊ ၂ ။             ။ တရုတ်နိုင်ငံက အိန္ဒိယသမုဒ္ဒရာအတွင်းတွင် ရေအောက်လှုပ်ရှားမှုများ စတင်လုပ်ဆောင်လာခဲ့ခြင်းကြောင့် အိန္ဒိယ နှင့် အမေရိကန်ပြည်ထောင်စုတို့သည် အိန္ဒိိယသမုဒ္ဒရာအတွင်းတွင် ရေငုပ်သင်္ဘောများခြေရာခံထောက်လှမ်းရေးနှင့်ပတ်သတ် ပြီး ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးလျှက်ရှိသည်။

ထိုဆွေးနွေးမှုသာအထမြောက်ခဲ့မည်ဆိုပါက အိန္ဒိယနှင့်အမေရိကန် တို့အကြားစစ်ရေးပူးပေါင်းဆောင်ရွက်မှုမှာလည်း ပိုမို မြင့်တက်လာမည်ဖြစ်သည်။

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားစရာလုပ်ဆောင်မှုများဆောင်ရွက်နေသည့် တရုတ်နိုင်ငံ၏ ရေတပ်က အိန္ဒိယ သမုဒ္ဒရာအတွင်းတွင်လည်း အိန္ဒိယ၏ပိုင်နက်ကို စိန်ခေါ်ရာရောက် သည့်အပြုအမှုများလုပ်ဆောင်လာခြင်းနှင့်ပတ်သတ်ပြီး အိန္ဒိယကရော အမေရိကန်တို့ကပါ စိုးရိမ်မကင်းဖြစ်လျှက်ရှိသည်။

အိန္ဒိယနိုင်ငံသည် ပြီးခဲ့သောလအတွင်းက ၎င်း၏စစ်စခန်းများကို အမေရိကန်တို့အတွက် တံခါးဖွင့်ပေးခဲ့ပြီး အပြန်အလှန် အားဖြင့် တရုတ်နှင့် စစ်ရေးအင်အားကွာခြားမှုကိုလျှော့ချနိုင်ရန်အတွက် အမေရိကန်တို့ဘက်က စစ်လက်နက်နည်းပညာ တွင်ကူညီပေးရန် တောင်းဆိုခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံရေတပ်များသည် မဟာမိတ်နိုင်ငံအချင်းချင်းသာမျှဝေသည့် နည်းဗျူဟာများနှင့် စစ်ရေးနည်းပညာအရ ထိပ်တန်းလျှို့ဝှက်ဖြစ်သော ရေငုပ်သင်္ဘောနှိမ်နင်းရေး နည်းဗျူဟာများကိုပါ ဆေးနွေးခဲ့ကြသည်။

တရုတ်ရေငုပ်သင်္ဘောများကို ၃ လလျှင် ၄ ကြိမ်ခန့်အထိမြင့်တွေ့နေရသည်ဟု အိန္ဒိယရေတပ်အရာရှိများက ပြောကြားသည်။

ယင်းတရုတ်ရေငုပ်သင်္ဘောများထဲမှအချို့ကို တောင်တရုတ်ပင်လယ်သို့ဝင်ရောက်ရာ မလက္ကာရေလက်ကြားအနီးရှိ အန်ဒါမန် နှင့် နီကိုဘားကျွန်းများအနီးတွင်တွေ့ရသည်ဟုလည်း အိန္ဒိယရေတပ်အရာရှိများက ပြောကြားသည်။

အိန္ဒိယ နှင့် အမေရိကန်တို့သည် ရေတပ်စစ်ရေးပူးပေါင်းလေ့ကျင့်မှုများလည်း လုပ်ဆောင်ထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly