ကိုဥက္ကာကျော်နှင့် သရုပ်ဆောင် ဆုပန်ထွာ မင်္ဂလာဦး ဆွမ်း အလှူ ထပ်မံ ပြုလုပ်

ကိုဥက္ကာကျော်နှင့် သရုပ်ဆောင် ဆုပန်ထွာ မင်္ဂလာဦး ဆွမ်း အလှူ ထပ်မံ ပြုလုပ်
ဓါတ်ပုံ - ဧရာဝတီ လူမင်း ဖေ့စ်ဘွတ်။

ရန်ကုန်၊ ဇူလိုင် ၃ ။     ။ သရုပ်ဆောင် ဆုပန်ထွာ နှင့် ခင်ပွန်း ဖြစ်သူ ကိုဥက္ကာကျော် တို့၏ မင်္ဂလာဦး ဆွမ်းကျွေး အလှူကို ဇူလိုင် ၃ရက်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မဟာစည် သာသနာ့ ရိပ်သာ၌ ကျင်းပ ပြုလုပ် ခဲ့ သည်။

ထို မင်္ဂလာဦး ဆွမ်း အလှူနှင့် ပတ်သက်ပြီး ခင်ပွန်း ဖြစ်သူ ကိုဥက္ကာကျော်က ဇူလိုင် ၂ရက်တွင် ၎င်း၏ ဖေ့ဘွတ် စာမျက်နှာ၌  "ကျွန်တော်နှင့် ပန်ပန် ဘုန်းကြီးသံဃာ ၂၀၂ ပါးကို ဆွမ်းကပ်မှာမို့ နက်ဖြန် မဟာစည် သာသနာ့ရိပ်သာ ဗဟန်း မြို့နယ်၊ ရန်ကုန်မြို့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဆွေမျိုး သူငယ်ချင်းများ အားလုံးကို ဖိတ်ပါတယ်။ ဖိတ်စာနဲ့ ဖိတ်တာ မဟုတ် သောကြောင့် ရင်းနှီးသော သူငယ်ချင်းများ ကျွန်တော်တို့ အလှူလေးကို ၁၀နာရီမှ ၁၂ နာရီထိ လာရောက်ဖို့ လေးစားစွာ ဖိတ်ပါတယ် ခင်ဗျာ။ ကိုဥက္ကာကျော် + မဆုပန်ထွာ" ဟု ရေးသား ထားသည်။

သရုပ်ဆောင် ဆုပန်ထွာတို့၏ မင်္ဂလာဦး ဆွမ်းအလှူတွင် မဟာစည် သာသနာ့ ရိပ်သာရှိ သံဃာ နှင့် သီလရှင် ၂၀၂ပါး တို့ကို ဆွမ်းကပ် လှူပြီး ဆွေမျိုး မိတ်သင်္ဂဟ ဧည့်ပရိသတ် များကို နံနက်စာဖြင့် ဧည့်ခံ ခဲ့သည်။

၎င်းတို့ နှစ်ဦးသည် ဇန်နဝါရီ ၃၀ ရက်တွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အန်ဂျလိစ်မြို့ရှိ တရားရုံးတစ်ခု၌ မင်္ဂလာလက်မှတ် ရေးထိုးခဲ့ပြီး မင်္ဂလာဧည့်ခံပွဲကို ဖေဖော်ဝါရီ ၁၄ ရက် တွင် Santa Monica ကမ်းခြေ ၌ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် မင်္ဂလာ ဧည့်ခံပွဲကို မတ်လ (၁၆) ရက်က ရန်ကုန်မြို့ရှိ NOVOTEL HOTEL၌ ကျင်းပ ပြုလုပ် ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly