ချယ်လ်ဆီး ကွင်းလယ်လူ ပက်ဆာလစ် မိုနာကိုသို့ အငှားဖြင့်ပြောင်းရွှေ့

ချယ်လ်ဆီး ကွင်းလယ်လူ ပက်ဆာလစ် မိုနာကိုသို့ အငှားဖြင့်ပြောင်းရွှေ့

ဇူလိုင် ၃၊ လန်ဒန် ။       ။ ချယ်လ်ဆီးကွင်းလယ် ကစားသမား မာရီယိုပက်ဆာလစ်သည် ပြင်သစ်ကလပ် မိုနာကိုသို့ အငှားဖြင့်ပြောင်းရွှေ့ရန် သဘောတူညီမှု ရခဲ့ပြီဖြစ်သည်။

ယင်းအပြောင်းအရွှေ့မှာ မိုနာကိုတိုက်စစ်မှူး ဖယ်လ်ကာအို ချယ်လ်ဆီးသို့ တစ်နှစ်အငှားဖြင့်လာရောက်ကစားမည့် အပြောင်း အရွှေ့၏အစိတ် အပိုင်းတစ်ခု ဖြစ်ဖွယ်ရှိသည်။

ပြီးခဲ့သည့်နှစ်နွေရာသီအပြောင်းအရွှေ့ကာလကမှ ချယ်လ်ဆီးသို့ပြောင်းလာခဲ့သည့် ပက်ဆာလစ်သည် ကြာသပတေးနေ့ တွင် ပြင်သစ်လိဂ်-၁ ကလပ် မိုနာကိုအသင်းထံရောက်ရှိခဲ့ပြီး ဆေးစစ်မှုခံယူခဲ့သည်။

ယင်းခရိုအေးရှားလက်ရွေးစင်ကစားသမားသည် ယမန်နှစ်ဘောလုံးရာသီက လာလီဂါအဆင့် ၁၃ ရခဲ့သော အယ်လ်ချီအသင်း တွင် အငှား သွားရောက်ကစားခဲ့ပြီး ၃၁ ပွဲကစား၊ သုံးဂိုးသွင်းနိုင်ခဲ့သည်။

ကိုလံဘီယာအသင်းနှင့်အတူ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်ခဲ့သည့် တိုက်စစ်မှူး ဖယ်လ်ကာအိုသည် မန်ယူတွင်အောင်မြင်မှု မရသည့် အငှား ကစားသမားဘဝကို ဖြတ်သန်းခဲ့ရသော်လည်း ပရီးမီးယားလိဂ်သို့ ပြန်လာကစားရန် ဆန္ဒပြင်းပြနေသည်။

အက်သလက်တီကိုတိုက်စစ်မှူးဟောင်းဖယ်လ်ကာအိုသည် မန်ယူအသင်းတွင်အငှားဖြင့်ကစားစဉ် လေးဂိုးသာသွင်းနိုင်သဖြင့် မန်ယူက ပေါင် ၄၃ ဒသမ ၂ သန်းဖြင့် အပြီးသတ်ခေါ်ရန် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

သို့သော်ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ယင်းတိုက်စစ်မှူးကို ပေါ်တိုနှင့် အက်သလက်တီကို အသင်းတွင်ကစားစဉ်က ခြေစွမ်း မျိုးပြန်ရအောင် ကူညီပေးနိုင်မည်ဟု မျှော်လင့်နေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly