ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူအပ်ချုပ်သမားတစ်ဦး အစ္စလာမ်အစွန်းရောက်တို့၏ ဓားခုတ်သတ်ဖြတ်ခံရ

ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူအပ်ချုပ်သမားတစ်ဦး အစ္စလာမ်အစွန်းရောက်တို့၏ ဓားခုတ်သတ်ဖြတ်ခံရ

ဒါကာ၊ မေ ၁ ။             ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစ္စလာမ်မစ်များ၏ သတ်ဖြတ်ခြင်းများဖြစ်ပွားနေရာ နောက်ထပ်သတ်ဖြတ်မှုတစ်ရပ်အဖြစ် ဟိန္ဒိူအပ်ချုပ်သမားတစ်ဦး ဓားခုတ်သတ်ဖြတ်ခံရသည်။

အသက် ၅၀ ဝန်းကျင်ရှိ နစ်ဟေးဂျိုအာဒါက ဧပြီ ၃၀ ရက်နေ့လည်ပိုင်းက တန်ဂျေးမြို့ရှိ ၎င်း၏ ဆိုင်အပြင်ဖက်တွင် ထိုင်နေစဉ် ဓားဖြင့် ခုတ်ထစ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဂျိုအာဒါက ၂၀၁၂ ခုနှစ်အတွင်းက အစ္စလာမ်ဘာသာကို ပုတ်ခတ်ပြောဆိုမှုများကြောင့် ဖမ်းဆီးခဲ့ဖူးပြီး နောက်ပိုင်း ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရဲက ပြောသည်။

အာဏာပိုင်များက နိုင်ငံအတွင်း အိုင်အက်စ်လှုပ်ရှားမှုများ မရှိကြောင်း တွင်တွင်ငြင်းနေသော်လည်း ယခုတိုက်ခိုက်မှုကို ၎င်းတို့ကျုးလွန်ခြင်းဖြစ်ကြောင်း အိုင်အက်စ်တို့က ကြေညာသည်။

အလားတူ အစ္စလာမ်ဘာသာကို ဝေဖန်ပြောဆိုမှုကြောင့် ဓားဖြင့် တိုက်ခိုက်သတ်ဖြတ်ခြင်းများ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဖြစ်ပွားရာ အမျိုးမျိုးသော အစ္စလာမ်မစ်အစွန်းရောက်များက ၎င်းတို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း အတည်ပြုထားသည်။

ပြီးခဲ့သည့် ဧပြီ ၂၅ ရက်ကလည်း လိင်တူအရေးဦးဆောင်တက်ကြွလှုပ်ရှားသူနှင့် နိုင်ငံ၏ တစ်ခုတည်းသော လိင်တူမဂ္ဂဇင်းမှ အယ်ဒီတာဖြစ်သူ ဇူဟတ်မန်နန်ကို အခြားအမျိုးသားတစ်ဦးနှင့်အတူ ဒါကာရှိတိုက်ခန်းတွင် ယခုကဲ့သို့ပင် ဓားဖြင့်တိုက်ခိုက်သတ်ဖြတ်ခံရသည်။

ယင်းသတ်ဖြတ်မှုများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အစွန်းရောက်အုပ်စုတစ်ခုဖြစ်သော အယ်ခိုင်ဒါသြဇာခံ အန်ဆာအယ်အစ္စလာမ်အဖွဲ့က နောက်ကွယ်က လုပ်ဆောင်ကြောင်းလည်း ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly