ဘိန်းဖြူနွံထဲနစ်နေတယ်ဆိုတဲ့ ကချင်ပြည်နယ်မှာ အစိုးရပူးပေါင်းပါဝင်မှုအပိုင်း ထပ်တိုးရန် SARA တိုက်တွန်း

ဘိန်းဖြူနွံထဲနစ်နေတယ်ဆိုတဲ့ ကချင်ပြည်နယ်မှာ အစိုးရပူးပေါင်းပါဝင်မှုအပိုင်း ထပ်တိုးရန် SARA တိုက်တွန်း

မြစ်ကြီးနား၊ ဧပြီ ၂၉ ။              ။ မြန်မာနိုင်ငံတွင် ဘိန်းထွက်ရှိမှု အများဆုံးဒေသတစ်ခုဖြစ်သည့် ကချင်ပြည်နယ်၏ အိတ်ချ်အိုင်ဗီဖြစ်ပွားမှုနှုန်းသည် နိုင်ငံ၏ ပျမ်းမျှဖြစ်ပွားမှုနှုန်းထက် ပိုမိုမြင့်မားနေပြီး ပြည်နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုမှာလည်း မြင့်မားနေကြောင်း ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုးရန်ပုံငွေ(The Three Millennium Development Goal Fund-3 MDG)က ဧပြီလ ၂၈ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများအတွင်း ကျေးရွာများတွင် ဘိန်းဖြူကပ်ဆိုက်နေကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် (Transnational Institute (TNI) အဖွဲ့ကလည်း ဧပြီလအတွင်းမှာပင် ထုတ်ပြန်ထားသည်။

ယင်းကြောင့် ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးစွဲရောဂါနှင့် ပတ်သက်ပြီး သုတေသနလုပ်နေသည့် အဖွဲ့အစည်းလည်းဖြစ်၊ မူးယစ်ဆေးစွဲသူများကို ဆေးဖြတ်နိုင်ရန် ဘိန်းဖြတ်စခန်းငယ် ဖွင့်ထားသည့် Substance Abuse Research Association – SARA ၏ ဒါရိုက်တာ ဒေါက်တာထွန်းထွန်းဘရန်ကို ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးသုံးစွဲမှု၊ မူးယစ်ဆေး အန္တရာယ် မည်မျှ ကြီးစိုးနေသည် နှင့် HIV ရောဂါဖြစ်ပွားမှု အခြေအနေများကို မဇ္ဈိမက မတ်လအတွင်း တွေ့ဆုံမေးမြန်းထားသည်များထဲမှ ပြန်လည်ကောက်နှုတ်ကာ ဖော်ပြလိုက်သည်။

မေး ။  ။ ကချင်မှာ မူးယစ်ဆေးသုံးစွဲမှုက မြန်မာပြည်မှာ အများဆုံးလို့တောင် ပြောကြတဲ့အခါ မူးယစ်ဆေးကနေ HIV ဖြစ်တဲ့နှုန်း ဘယ်လောက်ရှိနေလဲဆရာ။

ဖြေ ။ ။ ကျွန်တော်တို့ ဆေးခန်းတွေမှာ အခြေပြုတဲ့ Figure (ကိန်းဂဏန်းအချက်အလက်) အရတော့ အချို့သော မြို့နယ်တွေမှာ ၃၀ ဝန်းကျင်။ ၁၀ယောက်မှာ ၃ယောက်လောက်လို့  ယူဆရတယ်။ အချို့ မြို့နယ်တွေ နည်းနည်းလေး လှုပ်ရှားသွားလာမှု သိပ်များတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ရှိတဲ့မြို့နယ်တွေကျတော့ ၄၀ ရာခိုင်နှုန်းလောက်ထိ ရှိတယ်။

မေး -ကချင်မှာ မူးယစ်ဆေး သုံးစွဲမှုက မြန်မာပြည်မှာဆို အများဆုံးလို့တောင် ပြောကြတဲ့အခါ မူးယစ်ဆေးကနေ HIV ဖြစ်တဲ့နှုန်းက ဘယ်လောက်ထိ ရှိနိုင်မလဲ။

ဖြေ - ကျွန်တော်တို့ ဆေးခန်းတွေမှာ အခြေပြုတဲ့ Figure အရတော့ တချို့သော မြို့နယ်တွေမှာ ၃၀ ဝန်းကျင်။ ၁၀ ယောက် ၃ ယောက်လောက်လို့ ယူဆလို့ရတယ်။ တချို့မြို့နယ်တွေ နည်းနည်းလေး လှုပ်ရှားသွားလာမှု သိပ်များတဲ့ ရွှေ့ပြောင်းလုပ်သားတွေရှိတဲ့ မြို့နယ်တွေကျတော့ ၄၀ ရာခိုင်နှုန်းလောက်ထိ ရှိတယ်။ (National Figure မှာတော့ ၂၈၊ ၂၉ လောက်ထိ ပြန်သွားနေတဲ့ အပိုင်းတွေတော့ ရှိတာပေါ့။ Exactly (အတိအျက) ကတော့ ကချင်အတိုင်းအတာက တခြားပြည်နယ်တွေထက်တော့ မူးယစ်ဆေး သုံးစွဲတဲ့ အုပ်စုမှာတော့ များနေဆဲပေါ့။ HIV ပဲ မဟုတ်ဘူး၊ သွေးကတဆင့် ကူးနိုင်တဲ့ တခြား ဘီပိုး၊ စီပိုးဆိုလည်း တော်တော်မြင့်မားတယ်။ ၁၀ ယောက် ဖောက်လိုက်ရင် ၃ ယောက်၊ ၄ ယောက်မှာတော့ HIV Positive ထွက်တယ်။ ဒါက ကချင်ဆိုတာထက် ကျွန်တော်တို့ ဆေးခန်း Base (အခြေခံ) ပေါ့။ ဒါကလည်း တော်တော်လေး အရေးကြီးတဲ့ Concept လို့ မြင်ပါတယ်။

မေး - နောက်တစ်ခုက ဒီဆေးထိုးအပ် ဝေငှတဲ့အပိုင်းမှာပေါ့။ တစ်ဖက်မှာကျတော့ ဆေးပိုသုံးဖြစ်အောင် တွန်းအားပေးနေသလားဆိုတဲ့ အထင်အမြင် လွဲမှားမှုတွေ ရှိနေတဲ့အပေါ် ဆရာတို့အနေနဲ့ဘယ်လို ကိုင်တွယ် ဖြေရှင်းသလဲ။

ဖြေ - လူထုအနေနဲ့ကတော့ အရမ်းရိုးရှင်းပါတယ်။ ကျွန်တော့်အမျိုးကို သွားပြောရင်လည်း မြှောက်ပေးနေတယ်လို့ပဲ မြင်နိုင်တာပေါ့။ ကျွန်တော်တို့ လုပ်တဲ့ကိုင်တဲ့ အပိုင်းတွေမှာ အစောပိုင်းမှာတော့ Advocacy လို့ပဲ ပြောရမှာပေါ့။ လူထုတွေနဲ့ ထိတွေ့ပြီးတော့ အမြဲတမ်း ပြောပြရတဲ့အပိုင်းတွေ ရှိတယ်။ တစ်လတစ်ကြိမ်၊ နှစ်လတစ်ကြိမ် လူထုနဲ့ အမြဲထိတွေ့လေ့ ရှိတယ်။ နောက်ပြီးတော့ သူတို့ကနေပြီး အကြံပြုတဲ့စနစ်ခေါ်မှာပေါ့။ ဘုရားကျောင်းတွေမှာလည်း ရှိတယ်။ ရပ်ကွက်တွေမှာလည်း ရှိတယ်။ သူတို့ အကြံပြုချက်တွေကို ကျွန်တော်တို့က  ယူပြီးတော့ အဲဒီအကြံပြုချက်အတိုင်း ပြန်ပြီး ရှင်းပြတဲ့အပိုင်းပေါ့။ တချို့ကျတော့ လူထုက ဖြေးဖြေးချင်းပဲ နားလည်တာပေါ့။ ကွန်ဒုံးဆိုတဲ့ ကိစ္စမှာပဲ လွန်ခဲ့တဲ့ ခုနှစ်နှစ်၊ ရှစ်နှစ်ကဆို လုံးဝလက်မခံဘူး။ နောက်ပိုင်းကျမှ ဒါဟာ တကယ်ပဲ လူထု ကျန်းမာရေးအတွက် လိုအပ်ပါလားဆိုပြီး လူတွေက လက်ခံလာတယ်။ လူထုထောက်ခံမှု ရသွားပြီဆိုရင်တော့ ပိုပြီး ထိရောက်တဲ့လုပ်ငန်း ဖြစ်လာမှာပေါ့။ သူက Public Health Philosophy ဖြစ်နေတော့ ချက်ချင်းနားလည်ဖို့ အခက်အခဲတွေ ရှိနိုင်တယ်။ ကျွန်တော်တို့ ကိန်းဂဏန်းတွေကို အခြေပြုမယ်။ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မယ်။ သူတို့နဲ့ နီးနီးကပ်ကပ် ဆက်ဆံပြီး အတူတကွ လုပ်ဆောင်မယ်ဆိုရင် အောင်မြင်လာမယ်လို့ ယုံကြည်ပါတယ်။

မေး။   ။ ဆရာတို့ ဒီဆာရာအနေနဲ့ မြစ်ကြီးနားမှာပဲဖြစ်ဖြစ် ဒီ ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေပေါ့နော်။ ဒီဒုက္ခသည်စခန်းတွေမှာလည်း HIV ပိုး ရှိတဲ့သူတွေလည်း ရှိနိုင်တယ်ပေါ့နော်။ မူးယစ်ဆေး သုံးဖူးတဲ့သူ သုံးတဲ့သူ ရှိတယ်ပေါ့နော်။ အဲ့ဒီသူတွေအတွက်ကော အဓိက သီးသန့်အနေနဲ့ လုပ်ဆောင်ပေးနေတာတွေ ရှိသလားပေါ့နော်။ အဲ့ဒါကို သိပါရစေ။

ဖြေ။ ။ ပြောမယ်ဆိုရင်ပေါ့နော် သီးသန့်ကြီး ကျွန်တော်တို့ ဒုက္ခသည်စခန်းကြီးမှာ Camp (ဒုက္ခသည်စခန်း)ကြီးတွေထဲ ဝင်ပြီးတော့မှ သီးသန့် Focus ထားပြီးလုပ်တာတော့ မရှိဘူးပေါ့နော်။ အရိုးသားဆုံး ဝန်ခံရရင်တော့။ သို့သော်လည်းပဲ ကျွန်တော်တို့ Service တွေက ဒီဆေးစွဲနေတဲ့ အုပ်စုတွေကို Provide (ထောက်ပံ့) လုပ်နေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့က ဥပမာ မိုးမောက်လိုနေရာမျိုးကြီးမှာ ကျွန်တော်တို့ စင်တာတွေ ဖွင့်ထားပြီးပြီပေါ့နော်။ ဒုက္ခသည်စခန်းနဲ့ဆိုရင်လည်း ၅၀ မိနစ်လောက် ၃၀ မိနစ်လောက် နေရာမျိုးတွေမှာ ရှိထားပြီးသား ဆိုတဲ့အခါမျိုးမှာကျတော့ ရှိလည်း ရှိဖူးပါတယ်။ ကိန်းဂဏန်းအနေနဲ့တော့ သေချာတော့ ကျွန်တော် ဖွင့်မပြောသင့်ဘူးပေါ့။ အနည်းအကျဉ်း သူတို့ လိုအပ်တယ်ဆိုရင်တော့ အဲ့ဝန်ဆောင်မှု လာပြီး ရှာယူလေ့ ရှိတယ်ပေါ့နော်။ ဘယ်လိုပဲလိုလို   ဆေးထိုးအပ်ပဲလိုလို၊ ခုနပြောသလိုပေါ့နော် မူးယစ်ဆေးစွဲနေတဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး Access လုပ်လို့တော့ ရတယ်ပေါ့နော်။ ဒါပေမယ့် သီးသန့်ကြီး အဲ့လိုမျိုး Camp ထဲဝင်ပြီးတော့ ဝင်မေးတာလိုမျိုးတော့ မရှိဘူးပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ငန်းအနေနဲ့ လူငယ်ကာကွယ်ရေးလုပ်ငန်းတွေပေါ့နော်။ ကျွန်တော်တို့ တကယ်တမ်းကျရင် အဲ့ဒီကန့်တွေမှာပဲ ရှိသင့်တယ်လို့ ကျွန်တော်တို့ မှတ်ချက်ပြုချင်တယ်။ နောက် ကျွန်တော်တို့ ဒီ ၂၀၁၆ ထဲမှာ လုပ်ခဲ့မယ်ဆိုလို့ရှိရင် အဲ့ဒီကန့်ထဲမှာ ကျွန်တော်တို့ မက်ဆေ့တွေ ရောက်လာအောင် စီစဉ်သွားဖို့လည်း ရှိပါတယ်။ လောလောဆယ် ကျွန်တော်တို့ ဝန်ဆောင်မှုကြီးသွားပြီး ငှက်ဖျားဖောက်သလို သွားလုပ်နေတာတို့၊ ကျွန်တော်တို့ HIV သွားစစ်နေတာတို့ မရှိဘူးပေါ့နော်။

မေး။  ။ ဆရာ့အနေနဲ့ ဒီ ကန့်တွေမှာ ရှိတဲ့သူတွေနဲ့ကျတော့ အထူးသဖြင့် ဒုက္ခသည်ဖြစ်နေတယ်ဆိုတဲ့ ခံစားချက် တစ်ခုရယ် နောက်ထပ် ထပ်ပြီးတော့မှ HIV ပေါ့နော် ဆိုတော့ အဲ့ပေါ်မှာလည်း ခွဲခြားဆက်ဆံမှု ရှိတယ်လို့လည်း ပြောတယ်။ ဆိုတော့ သူတို့အတွက် အဓိက စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီးတော့ ဘယ်လိုမျိုးတွေ ပိုပြီး လုပ်ဆောင်ပေးသင့်လဲပေါ့နော်။ ဆရာ ဘယ်လိုမြင်လဲပေါ့။

ဖြေ။   ။ အဲ့တော့ ကျွန်တော် ခုနကပြောသလိုပဲ ကျွန်တော်တို့ Specially Focus ထားတဲ့ဟာမျိုးတော့ မရှိသေးဘူးပေါ့နော်။ ဒါပေမယ့် အဲ့ဒီအရင် General ပဲ ပြောပြောပေါ့နော်။ ဘာပဲပြောပြော ကျွန်တေ်ာတို့က HIV ရှိတယ်။ ကျွန်တော်တို့မေးတဲ့ မေးခွန်းကတော့ HIV ရှိတဲ့သူတွေကို Focus ထားတယ်ပေါ့နော်။ HIV ရှိကတည်းက ကျွန်တော်တို့က Discrimination (ခွဲခြားဆက်ဆံမှု) ဆိုတာ ရှိပြီးသားပေါ့နော်။ နောက် အထူးသဖြင့် မူးယစ်ဆေးစွဲသွားပြီး HIV ဖြစ်ရင် ပိုပြီး သာမာန်ထက်   Discrimination ရှိတယ်။ သူက ကိုယ့်ကိုကိုယ် Stigama Type (မိမိကိုယ်ကိုယ် ပြန်ခွဲခြားပြီး အားငယ်တာ) ဖြစ်သွားတာပေါ့နော်။ အရေးကြီးဆုံးကတော့ Counseling (နှစ်သိမ့်အကြံပေး) ပေါ့။ နောက်တစ်ခုက လူထုရဲ့ နားလည်မှုပေါ့ လက်ခံလာအောင်ပေါ့။ နောက်ပြီးတော့ Community aceptance (လူထုက လက်ခံလာမှု) လို့ပဲ ပြောပြော အဲ့အပိုင်းလည်း လိုအပ်မယ်။ နောက်ပြီးတော့ Intivitual life ဆိုလို့ရှိရင် ခံစားနေရတဲ့ သူတစ်ယောက်ချင်းဆီကပဲ Counseling နေရာကို လာဖို့ လိုတယ်။ ကိစ္စ ပြဿနာတစ်ခုက ကျွန်တော်တို့မှာ Counseller သီးသန့် အများကြီး မရှိနေသေးဘူးပေါ့နော်။ ဆိုလိုချင်တာက ကျွန်တော်တို့ ပြန်မွေးထုတ်နေရတယ်ပေါ့နော်။ တကယ်တမ်းတော့ မူးယစ်ဆေးစွဲတာပဲဖြစ်ဖြစ် HIV ဖြစ်တာပဲဖြစ်ဖြစ် သူတို့အတွက် Counseling လိုအပ်ပါတယ်။ အဲလိုပဲ ယူဆပါတယ်။

မေး ။ နောက်ဆုံးအနေနဲ့ကတော့ အစိုးရအနေနဲ့ ဆေးရုံတွေ ဖွင့်ပေးထားတာတော့ ရှိတယ်ပေါ့နော်။ ဒီ မူးယစ်ဆေး သုံးစွဲသူတွေအတွက်ပဲဖြစ်ဖြစ် HIV ပိုး ရှိတဲ့သူတွေပဲဖြစ်ဖြစ် အစိုးရအနေနဲ့ လုပ်ဆောင်နေတဲ့အပိုင်းကို ဆရာဘယ်လိုမြင်လဲပေါ့။ ထပ်ပြီးတော့ ဘာတွေလုပ်ဖို့ လိုအပ်နေသေးလဲပေါ့။ အစိုးရအနေနဲ့ ဖြည့်ဆည်းပေးဖို့ပေါ့နော်။

ဖြေ ။ အဲ့တော့ အခုသွားနေတာကတော့ ကျွန်တော်တို့ Private Sector , Public Sector ပေါ့နော်။ ဒီဘက် Private ပဲပြောပြော၊ NGO ပဲပြောပြော၊ Civil Society ပဲပြောပြော အဲ့လိုမျိုး တွဲပြီး သွားနိုင်လေလေ ကျွန်တော်တို့ ရောက်ချင်တဲ့ ရည်မှန်းချက်ပဲပြောပြော Goldက မြန်မြန်ရောက်လေလေပေါ့။ လက်ရှိအတိုင်းအတာအနေနဲ့ကလည်းပဲ ကျွန်တော်တို့ လုပ်နေပါတယ်။ ခုနပြောသလို နှစ်ခုလုံး Sector နှစ်ခုလုံးကနေလည်းပဲ ကြိုးစားနေတယ်။ လုပ်ဆောင်နေတယ်။ အဲ့တော့ ဥပမာဆိုကြပါတော့ ကျွန်တော်တို့ မူးယစ်ဆေးစွဲခြင်း ကုသမှုလုပ်ငန်းဆိုလို့ရှိရင်လည်း ကချင်ပြည်နယ်က အများဆုံးလောက် အစိုးရပိုင်းကနေ အများဆုံး ဖွင့်လှစ်ပေးလာနိုင်တဲ့ အပိုင်းတွေ ရှိတာပေါ့နော်။ သူဖွင့်လှစ်ပေးတဲ့ တစ်ပိုင်းမှာဆိုရင်လည်း ကိုယ့်ဘက်ကနေ ပါဝင်လာနိုင်တဲ့အရာ အကုန် ပါဝင်လာနိုင်တာပေါ့နော်။ လူအား ဒီဘက်က လူနာရှာဖွေရေးအတွက်သော်လည်းကောင်း၊ Counseling အားဖြင့် ပူးပေါင်း ချိတ်ဆက်ပြီး လာရတဲ့အပိုင်းတွေ အများကြီးရှိတာပေါ့နော်။ ခုနက ပြောမယ်ဆိုလို့ရှိရင်ပေါ့နော် ဒီ မူးယစ်ဆေး သုံးစွဲသူတွေအတွက်ကတော့ ဘာလိုနေသေးလဲဆိုရင် သူတို့ နေရတဲ့နေရာတွေ တစ်ချို့နေရာတွေ သွားလို့မရတဲ့ နေရာတွေ သူတို့အနေနဲ့ Accessable ဖြစ်လာဖို့ မူးယစ်ဆေးဝါး ကုသမှုလုပ်ငန်းတွေမှာ ပိုပြီးတော့မှ လုပ်လာနိုင်ဖို့ပေါ့နော်။ နည်းပညာပိုင်းပဲပြောပြော ဒီဘက်က ဆေးဝါးအပိုင်းပဲ ပြောပြောပေါ့နော် ထပ်ပြီးလုပ်လာနိုင်ရင်တော့ ကျွန်တော်တို့ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ အရာ ရလာနိုင်မယ်လို့ ထင်ပါတယ်။ လက်ရှိလည်း ကျွန်တော်တို့ အဲလိုမျိုး လုပ်လာနိုင်တယ်ပေါ့နော်။

မေး။    ။ HIV နဲ့ မူးယစ်ဆေးသုံးတာနဲ့ ပူးပေါင်းမြင်လာအောင် လူထုပါဝင်လာအောင် အခြား Organization တွေကပဲဖြစ်ဖြစ် ဆရာတို့ Organization ကပဲဖြစ်ဖြစ် Awareness ပေးတာ ဘယ်လောက်ထိ လိုနေသေးလဲဆရာ။

ဖြေ။     ။ အဲ့တော့ Awareness ပေးတာ ဘယ်လောက်ထိ လိုနေသေးလဲဆိုတော့ တကယ်ကတော့ ခုနကပြောသလိုပေါ့ Private Sector , Public Sector ဒီဘက်ဆိုရင်လည်း Society အားလုံးမှာ ကျွန်တော်တို့ ပိုပြီး နီးနီးကပ်ကပ် Dialogue များများပြောနိုင်လေလေ ဖြစ်ချင်တာ ရောက်ချင်တာ မြန်မြန်ရောက်လေပေါ့။ တစ်ခါတစ်လေကျရင် လက်တွေ့မှာ အားလုံးက သူ့ယူဆချက်နဲ့သူ သွားနေတာ။ ကျွန်တော်တို့ကတော့ အဲ့အပိုင်းမှာ အတက်နိုင်ဆုံးတော့ ဒီနှစ်ထဲမှာလည်း သင်တန်းတွေပေးမယ်။ Awareness ဖြစ်လာအောင် လုပ်မယ်ပေါ့နော်။ အစိုးရဌာနပိုင်းမှာ တာဝန်ယူနေတဲ့ ဆရာကြီးတွေကိုလည်း ကျွန်တော်တို့ ဖိတ်ကောင်း ဖိတ်မှာပေါ့နော်။ ဘယ်လောက်လိုလဲဆိုတော့ လက်ရှိထိတော့လိုတယ် တစ်ချိန်လား နှစ်ချိန်လား ပြောဖို့လည်း ခက်မယ်။ ဒီနှစ်ထဲကို ထပ်ကြည့်ပြီးတော့မှပဲ ၂၀၁၇ ထဲမှာ ဘယ်လိုထပ်ရှိမလဲပေါ့နော်။ အဲ့တော့ အခြားအဖွဲ့အစည်းတွေအနေနဲ့လည်းပဲ အဲလို လုပ်စေချင်ပါတယ်ပေါ့နော်။

ကျေးဇူးတင်ပါတယ် ဆရာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly