ယူ-၁၉အသင်းနည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်းကို MFF တစ်နှစ်စာချုပ်

ယူ-၁၉အသင်းနည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်းကို MFF တစ်နှစ်စာချုပ်

ဧပြီ ၃၀၊ ရန်ကုန်။             ။ ၂၀၁၆အာဆီယံယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၁၉အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ရန် နေပြည်တော်နည်းပြ ဦးမျိုးလှိုင်ဝင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။

ဦးမျိုးလှိုင်ဝင်းမှာ မြန်မာယူ-၁၉အသင်းနည်းပြရာထူးကို လက်ခံလိုက်သဖြင့် နေပြည်တော်အသင်းကို ဆက်လက်ကိုင်တွယ်နိုင်မည်မဟုတ်ပဲ အကြံပေးအနေဖြင့်သာ ကူညီလုပ်ဆောင်မည်ဖြစ်သည်။ လက်ရွေးအသင်းတစ်သင်းကို ကိုင်တွယ်ခွင့်ရဖို့က ကျွန်တော့်အိပ်မက်ပါ။ ယူ-၁၉အသင်းကို အာဆီယံပြိုင်ပွဲမှာ အောင်မြင်မှုရအောင် စွမ်းဆောင်ပေးချင်ပါတယ်။   ပြင်ဆင်ချိန်လေးလအတွင်းမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပါ။ ဟု ဦးမျိုးလှိုင်ဝင်းကပြောသည်။

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို လာမည့် စက်တင်ဘာ ၁၁ ရက်မှ စတင်ကာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး အုပ်စုပွဲစဉ်များမှာ လက်ရှိအချိန်အထိ ထွက်ပေါ်လာခြင်း မရှိသေးပေ။ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် ၂၀၁၄ ခုနှစ်တွင် အာရှ ယူ-၁၉ ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ခွင့်ရခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင်မူ အာဆီယံပြိုင်ပွဲ၌ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသလို အာရှ ယူ-၁၉ ခြေစစ်ပွဲလည်း မအောင်မြင်ခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly