စပိန်နိုင်ငံက အိုင်ဘီဇာအပန်းဖြေကျွန်းမြို့တွင် လမ်းပေါ် ရေသောက်ပါက ပေါင် ၆၀၀ ဒဏ်ရိုက်မည်

စပိန်နိုင်ငံက အိုင်ဘီဇာအပန်းဖြေကျွန်းမြို့တွင် လမ်းပေါ် ရေသောက်ပါက ပေါင် ၆၀၀ ဒဏ်ရိုက်မည်

အိုင်ဘီဇာ၊ ဧပြီ ၃၀ ။              ။ စပိန်နိုင်ငံ ဘယ်လာရစ်ကျွန်းရှိ ကမ္ဘာလှည့်ခရီးသွားများကြား ရေပန်းစားရာ အပန်းဖြေကျွန်းမြို့တစ်မြို့ဖြစ်သည့် အိုင်ဘီဇာတွင် လမ်းမပေါ် ရေသောက်ပါက ပေါင် ၆၀၀ ဒဏ်ကြေးပေးဆောင်ရန် ရှိနေသည်။

မြို့ကောင်စီအကြီးအကဲများက ရိုင်းစိုင်းကြမ်းတမ်းသည့် အပြုအမူများကို နှိပ်ကွပ်နိုင်ရေး လုပ်ဆောင်ချက်တစ်ရပ်အဖြစ် လမ်းပေါ်လမ်းမ အိမ်အပြင်ဖက်များတွင် အရက်သေစာသောက်စားခြင်း အားလုံးကို တားမြစ်ရန် လိုလားနေကြခြင်းဖြစ်သည်။

ပုလင်းထဲတွင် အရက်ဖြူထည့် သောက်နေပါကလည်း ရဲများအနေဖြင့် သိနိုင်မည်မဟုတ်သည့်အတွက် ယခုကဲ့သို့ လမ်းပေါ်တွင် ရေသောက်ခြင်းကိုပါ တားမြစ်ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

“အရက်ဆိုင်အတွင်း ဘားကောင်တာတွေမှာ ထိုင်သောက်ကြတာမျိုးကို ခွင့်ပြုပါတယ်။ ဒါပေမယ့် အဆောက်အအုံအပြင်ဖက် လမ်းပေါ်မှာတော့ ဘာအရည်ပဲဖြစ်ဖြစ် ပုလင်းထဲထည့် သောက်နေတာမျိုးကို ခွင့်ပြုမှာမဟုတ်ပါဘူး။”ဟု မြို့ကောင်စီဝင်တစ်ဦးက ပြောသည်။

ယခုဥပဒေသစ်ကို အတည်ပြုချက်ရယူရဦးမည်ဖြစ်သော်လည်း ပြဌာန်းနိုင်မည်က ကျိန်းသေသလောက်ရှိနေသည်။

အိုင်ဘီဇာမြို့မှ မိနစ် ၂၀ ခရီးတွင်ရှိသည့် ဆန်အန်တိုနီယိုမြို့ရှိ ခရီးသွားလုပ်ငန်းရှင်များက ယခုဥပဒေကို ပြဌာန်းပြီး အချိန်ပြည့် လမ်းပေါ် ဆိုးသွမ်းလူငယ်များ၏ သောက်စားမူးယစ်ဗရုတ် သုတ်ခလုပ်ကြသည့် အိုင်ဘီဇာမြို့၏ ပုံရိပ်ဟောင်းကို သန့်ရှင်းပစ်ရမည်ဖြစ်ကြောင်း ပြောကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly