အိန္ဒိယ-မြန်မာ နယ်စပ်ပူးတွဲကင်းလှည့်မှု စတင်

အိန္ဒိယ-မြန်မာ နယ်စပ်ပူးတွဲကင်းလှည့်မှု စတင်

အိန္ဒိယနှင့် မြန်မာနိုင်ငံနယ်စပ်ရှိ ခြံစည်းရိုးမကာထားရသေးသည့် အရပ်များတွင် နှစ်ဖက်အဖွဲ့များ ပူးတွဲကင်းလှည့်မှုကို စတင်ပြီဖြစ်ကြောင်း အိန္ဒိယလက်နက်ကိုင် Assam Rifle အကြီးအကဲ Harmiderijit Singh Sachdev က ဧပြီ ၂၉ ရက်က ပြောသည်။

“နေရာအားလုံးမှာတော့ ပူးတွဲကင်းလှည့် မနိုင်သေးပါ။ ဒါပေမယ့် အဓိကနေရာအချို့မှာတော့ ကင်းလှည့်ခဲ့ကြပါတယ်။ မြန်မာဘက်က လာရောက်ပူးတွဲကင်းလှည့်မှုကို လုပ်ဆောင်ပါတယ်။”ဟု Assam Rifles ရာထူးခန့်အပ်ပွဲ ပြင်ပတွင် ၎င်းက ပြောကြားသည်။

မဏိပူရ်အခြေစိုက် United National Liberation၊ People’s Liberation Army PLA၊ Kanglei Yawol Kanna Lup and People’s Revolutionary Party of Kangleipak၊ အာသံအခြေစိုက် United Liberation Fornt of Asom နှင့် စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့တွင် လှုပ်ရှားနေသည့် National Socialist Concil of Nagaland-Khaplang စသည့် အဖွဲ့များ၏ သူပုန်ထမှုများကို အရေးယူရန် အိန္ဒိယက မြန်မာဖက်အား တိုက်တွန်းထားသည်။

အိန္ဒိယနိုင်ငံ၏ သက်တမ်းအကြာဆုံး စစ်တပ်တပ်ကောက်ကူပြု အရံတပ်ဖွဲ့ဖြစ်သည့် Assam Rifles သည် ၁၆၄၃ ကီလိုမီတာရှည် အိန္ဒိယ-မြန်မာနယ်စပ်တွင် စောင့်ကြပ်လျက်ရှိပြီး မဏိပူရ်၊ အာသံနှင့် နာဂဒေသများတွင်လည်း တန်ပြန်သောင်းကျန်းသူ ချေမှုန်းရေးများကို လုပ်ဆောင်နေသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

သောင်းကျန်းသူများအရေးကိုင်တွယ်ဖြေရှင်းရေး အိန္ဒိယအစိုးရ၏ မေတ္တာရပ်ခံမှုအား မြန်မာအစိုးရသစ်က တုံ့ပြန်လိမ့်မည်ဟုလည်း မျှော်လင့်ကြောင်း ၎င်းက ပြောသည်။

“မြန်မာနိုင်ငံက အသစ်ရွေးကောက်ခံဒီမိုကရေစီအစိုးရအနေနဲ့ အိန္ဒိယဖက်က တောင်းဆိုမှုကို လုပ်ကိုင်လာပေးမှာပါ။ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေလည်း ရှိထားပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly