ထိုင်းသို့ ခိုးဝင်သည့် ကမ္ဘောဒီးယားအလုပ်သမား ၂၈ ဦးအား စောင့်ဆိုင်းဖမ်းဆီး

ထိုင်းသို့ ခိုးဝင်သည့် ကမ္ဘောဒီးယားအလုပ်သမား ၂၈ ဦးအား စောင့်ဆိုင်းဖမ်းဆီး

ဘန်ကောက်၊ ဧပြီ ၃၀ ။             ။ ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာသည့် ကမ္ဘောဒီးယားအလုပ်သမား ၂၈ ဦးကို ဧပြီ ၂၈ ရက်အစောပိုင်းက ဖမ်းဆီးလိုက်နိုင်သည်။

တောင်ကိုဖြတ်ကျော်ကာ ခလောင်ရိုင်ခရိုင်အတွင်းသို့ ၎င်းတို့ဝင်ရောက်လာကြသည်ကို သတင်းအရ ထိုင်းရေတပ်က တောင်အောက်က စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တောင်ခြေသို့ဆင်းလာသည့် ခိုးဝင်ကမ္ဘောဒီးယား ရှစ်ဦးကို ရေတပ်က ဦးစွာဖမ်းဆီးရမိခြင်းဖြစ်သည်။

၎င်းရှစ်ဦးက အခြားအယောက် ၂၀ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ထားနိုင်ပြီး အနီးရှိ အိမ်တစ်အိမ်တွင် ပုန်းခိုနေကြောင်း ပြောကြားချက်အရ ဆက်လက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းခိုးဝင်ကမ္ဘောဒီးယားတို့သည် ရေလုပ်ငန်းနှင့် အခြားအလုပ်အကိုင်များအတွက် စောင့်ဆိုင်းလျက်ရှိနေခြင်းဖြစ်ကြောင်း ရေတပ်တာဝန်ရှိသူက ပြောသည်။

ယခုဖမ်းဆီးမိသည့် ကမ္ဘောဒီးယားအလုပ်သမားများကို ခလောင်ရိုင်ရဲဌာနသို့ လွှဲပေးခဲ့ကာ ၎င်းတို့အား နိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုဖြင့် စစ်ဆေးအရေးယူသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly