တရုတ်တွင် ပြုလုပ်မည့် Miss Bikini Universe 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ နီနီမင်းသူ ၀င်ရောက် ယှဉ်ပြိုင်မည်

တရုတ်တွင် ပြုလုပ်မည့် Miss Bikini Universe 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ နီနီမင်းသူ ၀င်ရောက် ယှဉ်ပြိုင်မည်

ရန်ကုန် ၊ ဇူလိုင် ၃ ။     ။ တရုတ်နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် Miss Bikini Universe 2015 ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ်အဖြစ် နီနီမင်းသူက ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး Winner အဖြစ် ရွေးချယ်ခြင်း ခံရပါက အမေရိကန် ဒေါ်လာ တစ်သောင်း  ရရှိမည် ဖြစ်သည်။  

Miss Bikini Universe 2015 ပြိုင်ပွဲသည်  ပွဲစဉ် တစ်လျှောက်လုံး ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင် ရမည် မဟုတ်ဘဲ  အခြားသော Miss ပြိုင်ပွဲများ နည်းတူ ယှဉ်ပြိုင်ရမည့် ပွဲ တစ်ခု ဖြစ်သည်။ ထိုပြိုင်ပွဲသည် ကိုယ်လုံးအလှကို ဦးစားပေး ရွေးချယ်သည့်ပွဲ ဖြစ် သည့် အတွက် နီနီမင်းသူကို ရွေးချယ် စေလွှတ်ခြင်း ဖြစ် သည်။

ရွေးချယ် စေလွှတ်သည့် Style Plus H သင်တန်းကျောင်းမှ မလှနုထွန်းက "နီနီက ကိုယ်ခန္ဓာလှတော့ သူ့ကို ဒီပွဲကိုရွေးချယ်စေ လွှတ် လိုက်တာပါ။ ဧပြီ လကတည်းက ရွေးထားပြီးသား။ ပြီးတော့ နီနီက လှနုတို့ လုပ်တဲ့ Miss Globe Myanmar ရွေးချယ်ပွဲ မှာဝင်ပြိုင်ဖူးပြီး စတုတ္ထ ရရှိထားသူလည်းဖြစ်တယ်။ ဘာသာစကား၃မျိုးလည်း တတ်မြောက်သူဖြစ်တဲ့အတွက် လည်းစေလွှတ်ဖြစ် တာပါ" ဟု ပြောသည်။

နီနီမင်းသူ သည် အရပ် ၅ပေ ၆လက်မ ခွဲ ရှိပြီး Master of Microbiology တတ်ရောက်နေသူ တစ်ဦး ဖြစ်ကာ ပြင်သစ် ၊ တရုတ် ၊ အင်္ဂလိပ်ဘာသာ စကား တို့ကို ကွမ်းကျင်သူ တစ်ဦးလည်း ဖြစ်သည်။

ပြိုင်ပွဲ အတွက် လိုအပ်သည့် ဝတ်စုံ များကို ဒီဇိုင်နာ အိမြတ်သူဇာ ၊ ဒီဇိုင်နာ မျိုးမင်းစိုး ၊ ဒီဇိုင်နာ ဖြိုးပြည့် တို့မှ ကူညီ ပေးသွား မည် ဖြစ်ပြီး ပြိုင်ပွဲ အတွက် လိုအပ်သည့် လေ့ကျင့်မှုများကို Style Plus H သင်တန်းကျောင်းမှ မလှနုထွန်းက သင်ကြားပေး မည်ဖြစ်သည်။

Miss Bikini Universe 2015 ပြိုင်ပွဲကို တရုတ်နိုင်ငံ ဘေကျင်းမြို့တွင် စက်တင်ဘာ ၂၂ရက်မှ အောက်တိုဘာ ၁၆ရက် အထိ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ Winner အဖြစ် ရွေးချယ်ခြင်း ခံရသူသည် အမေရိကန် ဒေါ်လာ ၁၀၀၀၀  ၊ 1st Runner Up အတွက် အမေရိကန် ဒေါ်လာ ၅၀၀၀ ၊ 2nd Runner Up အတွက် အမေရိကန် ဒေါ်လာ ၃၀၀၀ ချီးမြှင့်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly