တရုတ်က အသံထက်မြန်သည့် နျူကလီးယားတင်ဆောင်စွမ်းဒုံးကျည် တီထွင်ထားနိုင်ပြီဟု ပင်တဂွန်ပြော

တရုတ်က အသံထက်မြန်သည့် နျူကလီးယားတင်ဆောင်စွမ်းဒုံးကျည် တီထွင်ထားနိုင်ပြီဟု ပင်တဂွန်ပြော

နယူးယောက်၊ ဧပြီ ၂၈ ။            ။ တရုတ်နိုင်ငံသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက အသံထက်မြန်သည့် နျူကလီးယားတင်ဆောင်စွမ်းသည့် ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ်ထားနိုင်ကြောင်း ပင်တဂွန်သတင်းရင်းမြစ်က ပြောသည်။ တရုတ်၏ ယင်းစမ်းသပ်မှုသည် ရုရှနိုင်ငံက အသံထက်မြန်သည့် စက်မဲလေယာဉ် ဂလိုက်ဒါကို တီထွင်ထုတ်လုပ်ပြီး ရက်ပိုင်းအတွင်း လုပ်ဆောင်လာခဲ့ခြင်းဖြစ် သည်။

ပြီးခဲ့သည့် ဧပြီ ၂၂ ရက်က တရုတ်အလယ်ပိုင်း ဝူကျိုင်းနယ်မြေမှ ပြင်းအားမြင့်ဒုံးကျည်ဖြင့် DF-ZF အသံထက်မြန်သည့် စက်မဲ့ယာဉ်ကို ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်သည့် အမေရိကန် စစ်တပ် တာဝန်ရှိသူက Washington Free Beacon ဝက်ဘ်ဆိုက်သို့ ပြောကြားသည်။

ထိုဒုံးကျည်ထိပ်ဖူးစက်မဲ့ယာဉ်ကို အမေရိကန်ဂြိုဟ်က ခြေရာခံနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်း၏ သွားရာအရှိန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာထောင်ပေါင်းများစွာ ခရီးရောက်ကြောင်း ယင်းသတင်းရင်းမြစ်က ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် ယင်းသို့သော ဒုံးကျည်ပစ်လွှတ်ယာဉ်များ စမ်းသပ်မှုကို ခုနစ်ကြိမ်မြောက်ပြုလုပ်ခြင်းလည်းဖြစ်ကာ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များအတွင်း ပြုလုပ်ခဲ့သည့် ပြီးခဲ့သည့် ခြောက်ကြိမ်စလုံးလည်း အောင်မြင်မှုရှိခဲ့သည်။

အမေရိကန်ထောက်လှမ်းရေးအနေဖြင့် တရုတ်နိုင်ငံအဖြင့် တစ်နာရီလျှင် ၁၁၀၀၀ ကီလိုမီတာကျော် အရှိန်နှုန်းရှိသည့် DF-ZF ယာဉ်ကို နျူကလီးယားထိပ်ဖူးတပ်ဆင်ပစ်လွှတ်ရာတွင် အသုံးပြုလာဖွယ်ရှိခြင်းအတွက် စိုးရိမ်မှုရှိနေကြောင်းလည်း ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly