တရုတ်ကျေးလက်တောနယ်များတွင် အဝလွန်လူငယ်ဦးရေနှုန်းထား များပြားလာနေ

တရုတ်ကျေးလက်တောနယ်များတွင် အဝလွန်လူငယ်ဦးရေနှုန်းထား များပြားလာနေ

ပေကျင်း၊ ဧပြီ ၂၇ ။            ။ တရုတ်နိုင်ငံက ကျေးလက်တောနယ်များတွင် လူမှုစီးပွားရေးရာအပြောင်းအလဲအားဖြင့် အဝလွန်လူငယ်ဦးရေသည် ရုတ်ခြည်းများပြားလာနေကြောင်း သုတေသနတစ်ရပ်က သတိပေးသည်။

၂၀၁၄ ခုနှစ်တွင် အသက် ၁၉ နှစ်အောက် ယောက်ကျားလေး ၁၇ ရာခိုင်နှုန်းနှင့် မိန်းကလေးဦးရေ၏ ၉ ရာခိုင်နှုန်းရှိပြီး ၁၉၈၅ ခုနှစ်က တစ်ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ တိုးတက်များပြားလာခဲ့ခြင်းဖြစ်သည်။

ယခုသုတေသနကို ၂၉ နှစ်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရှန်တုံပြည်နယ်ရှိကျောင်းသားပေါင်း ၂၈၀၀၀ နီးပါး ပါဝင်ခဲ့သည်။

“ကလေးသူငယနဲ့ အရွယ်ရောက်ပြီး အဝလွန်သူဦးရေနှုန်းက မကြုံဖူးအောင် များပြားနေတာပါ။”ဟု သုတေသနပညာရှင်တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံ၏ လူမှုစီးပွားတိုးတက်မှုနှင့် အာဟာရစားသုံးမှုအပြောင်းအလဲက စွမ်းအင်ရယူမှုကို တိုးတက်စေပြီး ကိုယ်လက်လှုပ်ရှားမှုကို ကျဆင်းနေစေခြင်းကြောင့် ယခုကဲ့သို့ အဝလွန်နှုန်း တိုးတက်များပြားလာခြင်းဖြစ်ကြောင်း သုတေသနက ဆိုသည်။

စားသောက်ကြသည့် အစားအစာများမှာလည်း အဆီပိုမိုပါဝင်ခြင်း၊ အမျှင်ဓာတ်နည်းပါးခြင်းများ ပိုမိုများလာကြောင်း ယင်းသုတေသနတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly