အိုင်ဖုန်းများ ပထမဆုံးအဖြစ် ရောင်းအားကျ

အိုင်ဖုန်းများ ပထမဆုံးအဖြစ် ရောင်းအားကျ

နယူးယောက်၊ ဧပြီ ၂၇ ။             ။ အိုင်ဖုန်းများ ရောင်းအားကျသွားခြင်းကြောင့် ကုမ္ပဏီ၏ ဒုတိယသုံးလပတ်ဘဏ္ဍာဝင်ငွေမှာ ၁၃ ရာခိုင်နှုန်းကျဆင်းကြောင်း Apple က ထုတ်ပြန်သည်။

ပြီးခဲ့သည့်နှစ်က ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံမှ ဒေါ်လာ ၅၀ ဒဿမ ၅၆ ဘီလီယံသို့ ကျဆင်းသွားခြင်းဖြစ်ပြီး ကုမ္ပဏီရောင်းအားအနေဖြင့်လည်း ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် ကျဆင်းကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါ ဒုတိယသုံးလပတ်အတွင်း အိုင်ဖုန်းရောင်းအားက ၅၁ ဒသမ ၂ သန်းရှိပြီး ၂၀၁၅ အလားတူသုံးလပတ်က ၆၁ ဒဿမ ၂ သန်းရောင်းအားမှ ကျဆင်းခြင်းဖြစ်သည်။

အထူးသဖြင့် တရုတ်နိုင်ငံတွင် ရောင်းအား ၂၆ ရာခိုင်နှုန်းကျခဲ့သည်။ ဒေါ်လာဈေးခိုင်ခြင်းကြောင့်လည်း ကုမ္ပဏီအား ဘဏ္ဍာငွေ အားနည်းရခြင်းဖြစ်သည်။

အက်ပဲလ်၏ ရှယ်ယာများက ၈ ရာခိုင်နှုန်းကျဆင်းသည်။

ကုမ္ပဏီအနေဖြင့် အားကောင်းသည့် အကြီးစားစီးပွားရေးလေဆန်နှင့် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း အက်ပဲလ်စီအီးအို တမ်ကွတ်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly