နှစ် ၄၀ အတွင်း ပထမဆုံး ပါတီညီလာခံ မြောက်ကိုရီးယား ကျင်းပ

နှစ် ၄၀ အတွင်း ပထမဆုံး ပါတီညီလာခံ မြောက်ကိုရီးယား ကျင်းပ

ပြုံယမ်း၊ ဧပြီ ၂၇။                ။ မြောက်ကိုရီးယားနိုင်ငံက အာဏာရအလုပ်သမားပါတီသည် လာမည် မေလအတွင်း နှစ် ၄၀ အတွင်း ပထမဆုံး ပါတီညီလာခံကို ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

ပြုံယမ်းမြို့တွင် မေ ၆ ရက်၌ ကျင်းပမည့် ယင်းညီလာခံက ပါတီသမိုင်းတွင် ခုနစ်ကြိမ်မြောက် ညီလာခံတစ်ရပ်ဖြစ်ပြီး ခေါင်းဆောင်ကင်ဂျုံးအွန်လက်ထက်တွင် ပထမဆုံးညီလာခံတစ်ရပ်ဖြစ်သည်။

ယင်းညီလာခံကို အထူးမူဝါဒအပြောင်းအရွှေ့၊ ထိပ်တန်းခေါင်းဆောင်များကြား လှုပ်ရှားဆောင်ရွက်မှုများ သို့မဟုတ် နျူကလီးယားစီမံကိန်းအရေးအရာတို့ကို အနီးကပ်စောင့်ကြည့်စရာ ညီလာခံတစ်ရပ်ဖြစ်လာမည်ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံအတွင်း ငါးကြိမ်မြောက်နျူကလီးယားစမ်းသပ်မှုအတွက် ပြင်ဆင်နေသည်ဟု ယူဆရစဉ် ယင်းညီလာခံကျင်းပရန် လုပ်ဆောင်လာခြင်းလည်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံက လေးကြိမ်မြောက်နျူကလီးယားစမ်းသပ်မှုကို ဂြိုဟ်တုလွှတ်တင်ပြီးနောက် ဇန်နဝါရီလအတွင်းက လုပ်ဆောင်ထားခဲ့ခြင်းဖြစ်သည်။

ဂြိုဟ်တုလွှတ်တင်ခြင်းနှင့် နျူကလီးယားစမ်းသပ်ခြင်း လုပ်ဆောင်ချက်နှစ်ရပ်စလုံးက ရှိဆဲဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ရာရောက်၍ ကုလသမဂ္ဂက ကုန်သွယ်ရေးနှင့် အဆက်အသွယ် ကန့်သတ်မှုများဖြင့် နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများကို မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly