မော်စကိုတိရစ္ဆာန်ရုံမှ စစ်သုံးလင်းပိုင် ငါးကောင် ရုရှအစိုးရ ဝယ်ယူ

မော်စကိုတိရစ္ဆာန်ရုံမှ စစ်သုံးလင်းပိုင် ငါးကောင် ရုရှအစိုးရ ဝယ်ယူ

ရုရှအစိုးရက မော်စကိုတိရစ္ဆာန်ရုံမှ စစ်သုံးလင်းပိုင်ငါးကောင်ကို ပေါင် ၁၈၀၀၀ ပေးကာ ဝယ်ယူရန် ရှိနေသည်။

စစ်အေးကာလအတွင်းက အမေရိကန်နှင့် ရုရှနှစ်နိုင်ငံစလုံးက စစ်ရေးတွင် အသုံးချရန် လင်းပိုင်များကို လေ့ကျင့်သင်ကြားပေးခဲ့ကြသည်။

ယူကရိန်းတွင် လင်းပိုင်များအား မိုင်းရှာရန်၊ ရန်သူ့သင်္ဘောများကို ဗုံးခွဲရန်နှင့် ရန်သူရေငုပ်သမားများကို တိုက်ခိုက်နိုင်ရန်အတွက်ပါ လင်းပိုင်များ၏ ဦးခေါင်းတွင် အထူးလုပ်ထားသည့် ဓား သို့မဟုတ် ပစ္စတိုများကို တပ်ဆင်ပေးကာ အသုံးချခဲ့သည်။

သို့သော်လည်း တိုက်ခိုက်ရေးလင်းပိုင်များကို မည်သည့်အတွက်ကြောင့် ဝယ်ယူရကြောင်းကို ရုရှကာကွယ်ရေးဝန်ကြီးဌာနက ရှင်းလင်းပြောကြားခြင်း မရှိပေ။

ယခုဝယ်ယူသည့် လင်းပိုင်များမှာ အထီးသုံးကောင်နှင့် အမနှစ်ကောာင်ဖြစ်ပြီး တစ်ကောင်ကို ပေါင် ၃၅၀၀ ခန့် တန်သည်။

ကမ္ဘာ့အင်အားကြီးစစ်တပ်ပိုင် ရုရှနိုင်ငံအနေဖြင့် ယခုကဲ့သို့ လင်းပိုင်များ ဝယ်ယူရန် မည်သည့်အတွက်ကြောင့် လိုအပ်ကြောင်းကိုလည်း ရှင်းလင်းပြောကြားခြင်း မရှိပေ။

အရောင်းအဝယ်သဘောတူညီမှု ချုပ်ဆိုကာ အရောင်းအဝယ်ပြီးစီးပါက အဆိုပါ လင်းပိုင်ငါးကောင်အား ခရိုင်းမီးယားရှိ ဆိပ်ကမ်းမြို့ဖြစ်သော ဆီဘတ်စတာပိုသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly