လှိုင်တွင် လက်နက်များ သိမ်းဆည်းရမိ

လှိုင်တွင် လက်နက်များ သိမ်းဆည်းရမိ

ရန်ကုန်မြို့ လှိုင်မြို့နယ် ကန်လမ်းရှိ လှိုင်မြင့်မိုရ်အိမ်ရာအတွင်းရှိ တိုက်ခန်းတစ်ခန်းတွင် လေသေနတ်အပါအဝင် ခဲယမ်းပစ္စည်း ၁၄မျိုးကို ဇူလိုင် ၁ရက် ညက သိမ်းဆည်းရမိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ဇူလိုင် ၁ရက် ည ၇နာရီဝန်းကျင်တွင် လှိုင်မြို့နယ် ၁၀ရပ်ကွက် ကန်လမ်းရှိ ဆေးကုမ္ပဏီပိုင်ရှင် အသက် ၄၆နှစ်အရွယ် ဦးမင်းမင်းထွဋ်၏ နေအိမ်ကို CID ကဦးဆောင်ပြီး၊ ခရိုင်၊ မြို့နယ် ရဲစခန်းများက တာဝန်ရှိ ပုဂ္ဂိုလ်များက ဝင်ရောက်ရှာဖွေရာ ယင်းသို့ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းရမိသည့် ပစ္စည်းများထဲတွင် နှစ်လုံးပြူးသေနတ်၊ ပစ္စတိုသေနတ်၊ ပြောင်းရှည်၊ ကျည်မျိုးစုံ ၃၀၀ခန့် ပါဝင်သည်ဟု သိရသော်လည်း ရဲတပ်ဖွဲ့ကမူ အတည်မပြုပေးပေ။

လက်ရှိတွင် ဦးမင်းမင်းထွဋ်အား လှိုင်မြို့မ ရဲစခန်းက (ပ) ၃၀၈/၂၀၁၅ ၁၈၇၈ခုနှစ် လက်နက်ဥပဒေ ၁၉ (စ)အရ အမှုဖွင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags